၂၀၁၂ မှာတမ်း....
မင်္ဂလာပါ....
နှစ်သစ်မှာ ပျော်ရွှင်မှုများနဲ့သာ တွေကြုံပါစေလို့ဦးစွာဆုတောင်းလိုပါတယ်။
ပထမဦးစွာပြောလိုတာကတော့ ကျနော်တို့ MMITD အနေနဲ့ ၂၀၁၁ အတွင်းမှာ အပြောင်းအလဲ တစ်ခု ထူးထူးခြားခြားဖြစ်ပေါ်ခဲ့ပြီး အသင်း၀င် ၂သောင်းခွဲကျော်ရှိပေမယ့် တကယ့် Active member ဆိုတာ လက်ချိုးရေတွက်လို့ရအောင်ကို နဲပါးသွားခဲ့ပါတယ်.... အဲဒိအပြောင်းအလဲကြောင့် အယူအဆ ကွဲသူကွဲ ၊ အဆင်မပြေသူ မပြေ ၊ အငြင်းပွားသူကပွားနဲ့ နောက်ဆုံးရလာဒ်က နည်းပညာ ရပ်ဝန်းတစ်ခုဟာ Font အပြောင်းအလဲကြောင့် တိုးတက်သင့်သလောက် မတိုးတက်ပဲ နှစ်တစ်ချို့ နောက်ကျ ကျန်နေခဲ့ပါတယ်။၊..........
ကျနော့ ကိုယ်ပိုင်အယူအဆကတော့ ရှေ့သို့ပဲ ဦးတည်ပါတယ်။ နောက်သို့ဆိုတာ လိုအပ်လာမှသာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဆိုလိုချင်တာက ခုဆို ဝင်းဒိုး ၈ လည်း ထွက်တော့မယ်။ Developer version မှာ မြန်မာဖောင့်က ယူနီကုဒ်အနေနဲ့ ပါဝင်နေပြီ... APPLE မှာလည်း ယူနီကုဒ်က ပါလာပြီ။ လင်းနစ်မှာဆိုရင် ပြောစရာမလိုတော့ဘူး။။ သာလွန်တောင် ထွက်နေပြီ။ ဒီလိုအနေအထားတွေ ဖြစ်နေတာတောင် ကျနော်တို့ တွေ ယူနီကုဒ်ကို ခုချိန်ထိ အကျွမ်းတဝင် မရှိကြသေးဘူး... ဒါဟာ ယူနီကုဒ်အတွက် ... မြန်မာစာကို ကွန်ပြူတာမှာ ပါလာအောင် ကြိုးစားနေတဲ့ လူတွေရဲ့ လုံလဝီရိယတွေကို လစ်လျူရှုတာလား.. ဒါမှမဟုတ် ခေတ်ဟောင်းစနစ်ဟောင်းမှာပဲ ပျော်ပါးနေကြတာများလား... ဒါမှမဟုတ် မြန်မာစာကို ကွန်ပြူတာမှာ အသုံးမပြုချင်ကြတာများလား...ဒါမှမဟုတ် ယူနီကုဒ်ဆိုတာ ဘာလဲဆိုတာ နားမလည်ကြတာလား... ဒါမှမဟုတ်...
ယူနီကုဒ်အသုံပြုရမှာ ရှက်နေကြတာလား... ဒါမှမဟုတ် ယူနီကုဒ်အသုံပြုဖို့ကို ပျင်းနေကြတာလား.. ဒါမှမဟုတ်,, ဇော်ဂျီမှဇော်ဂျီ ဖြစ်ပြီး ချစ်နေကြတာလား.. ဒါမှမဟုတ်... ယူနီကုဒ်အသုံးပြုဖို့ အခက်အခဲတွေ ရှိနေတာလား.. ဒါမှမဟုတ်... နည်းပညာတိုးတက်ဖို့အတွက် အားမပေးချင်တာလား စသဖြင့် စသဖြင့်.,
စတဲ့ မေးခွန်းတွေ မေးစရာပါပဲ.... ကိုယ်တိုင်သာ ဖြေကြည့်ကြပါတော့...
အဲတော့ လိုရင်းဆို ဆက်ပြောပါ့မယ်။...
၂၀၁၂ အတွက် မှာတမ်းကတော့...
၁။ MMITD သည် Unicode ကို အသုံးပြုပါသည်။
၂။ Unicode recommended font ကို ဒေါင်းလုဒ်လုပ်ရန်နှင့် Install လုပ်ရန် နည်းလမ်းများကို ဖော်ပြပေးထားသည့်အတွက် အဆင်ပြေစွာ ပြုလုပ်နိုင်လိမ့်မည်ဟုယူဆပါသည်။
၃။ ဇော်ဂျီဖောင့် ကို အသုံးပြုချင်သူများအတွက် Font face နှင့်ရေးနည်းကို အောက်ပါလင့် တွင် လည်း ရှင်းပြထားပြီး ဖြစ်ပါသည်။။ http://forum.mmitd.com/forum/topics/one-click-unicode-installer
၄။ ထို့ပြင် ဇော်ဂျီနှင့် ရေးသောသူများကို Unicode အဖြစ်ပြောင်းလဲပေးနိုင်သော Converter ကိုလည်း Site menu bar >> အသုံးပြုပုံလမ်းညွှန် >> Unicode Converter တွင် ထည့်သွင်းထားပေးပြီးဖြစ်ပါသည်။
၅။ ထိုအထက်ပါ အချက်များအရ ကျေးဇူးပြု၍ MMITD တွင် Unicode ကို အသုံပြု၍သာ ရေးသားကြပါရန်နှင့် အကယ်၍ ဇော်ဂျီဖောင့်ကိုအသုံးပြုပါက Font face method ကို အသုံးပြု၍ သော်လည်းကောင်း Converter ကိုအသုံးပြု၍သော်လည်းကောင်း ရေးသားပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
၆။ ကျေးဇူးပြု၍ ဖတ်မရသော ဂြိုလ်သားစာများ လာမရေးကြပါနှင့်။
၇။ ၄င်း ဖတ်မရသော ဂြိုလ်သားစာ ရေးသောသူများအား အကြိမ်အရေအတွက်များလာပါက အသင်းဝင်အဖြစ်မှ ထုတ်ပယ်ပါမည်။
၈။ အသင်းဝင်များအနေဖြင့် ယခင့် ယခင်က ဇော်ဂျီဖောင့်ဖြင့်ရေးထားသော ပိုစ့်များကို ရှာဖွေတွေ့ရှိသဖြင့်ဖတ်မရပါက အက်ဒမင်များအား Link ကိုပေး၍ ဖတ်၍ရအောင် အကူအညီတောင်းနိုင်ပါသည်။
အထက်ပါ ၈ ချက်သည် MMITD မှ အသင်းဝင်များအတွက် ၂၀၁၂ မှာတမ်းဖြစ်ပါသည်။
အကယ်၍ သင့်အတွက် မကျေလည်သည်များရှိပါက
အောက်ပါလင့်ကတစ်ဆင့် Admin များကို တိုင်ကြားနိုင်ပါသည်။
သို့မဟုတ် Unicode နဲ့ပက်သက်လို့ အဆင်မပြေပါက Private message ပို့ပေးပါ။ တစ်ယောက်ချင်းစီအလိုက် Team Viewer ကတဆင့်သော်လည်းကောင်း တစ်နည်းနည်းဖြင့်သော်လည်းကောင် ကူညီပါမည်....
သို့မဟုတ် ပါက သင့်အကြောင်းပြင်ဆင်ရန် ကိုသွား၍
Leave Myanmar IT Development ကို နှိပ်ခြင်းဖြင့် ဤဆိုဒ်မှ
အပြီးအပိုင် ထွက်ခွာသွားနိုင်ပါသည်။
ထို့ပြင် ဤဆိုဒ်မှ ပေးပို့သော Email များလက်ခံရရှိသည်ကို ငြီငွေ့လာပါက အောက်ပါလင့်အတိုင်း လုပ်ဆောင်ခြင်းဖြင့် ကာကွယ်နိင်ပါသည်။
လေးစားစွာဖြင့်
MMITD
အမှတ်အသားများ ->:
Permalink January 5, 2012 အချိန် 9:00am တွင် thuzar lay မှ စာပြန်ခဲ့သည်။ thanks..my brother....
Permalink January 5, 2012 အချိန် 9:30am တွင် မ်ိုဳးေအာင္ မှ စာပြန်ခဲ့သည်။ လက်ရှိသုံးနေသော Unicode အား မြန်မာ(၃)(မြန်စံ)ဖြင့်အသုံးပြုက window 8 တွင်အဆင်ပြေပြေသုံး၍ရ/မရ သိလိုပါသည်။
Permalink January 5, 2012 အချိန် 6:32pm တွင် Who Am I? မှ စာပြန်ခဲ့သည်။ ဝင်းဒိုး ၈ မှာ ပါတဲ့ ယူနီကုဒ်က Myanmar Text ပါ။
မြန်စံ စနစ်တွေ ဘာတွေကို သုံးစရာကိုမလိုပါဘူး။။ လက်ရှိ အင်္ဂလိပ်ဖောင့် အသုံးပြုသလိုပါပဲ။။
တခြားယူနီကုဒ်တွေကိုလည်း သုံးချင်ရင် ထည့်သွင်းထားပြီးအသုံးပြုနိုင်ပါတယ်။
Permalink January 5, 2012 အချိန် 9:52am တွင် Phue Pwint Wai မှ စာပြန်ခဲ့သည်။ အင်း...... ဟုတ်ပါတယ် ..... တိုးတက်မှု ကချက်ချင်းဆိုသလိုဖြစ်ဖို့ .......
Standard ၁ခုဆိုပေမယ့် တိုးတက်မှုနဲ့လိုအပ်ချက် ဟန်ချက်ညီမှ ဖြစ်မယ့်ကိစ္စပါ။
လိုအပ်ချက် % အရမ်းမြင့်လာရင် ..... ခုချက်ချင်း ယူနီကုဒ်သင်တန်းတွေ ရန်ကုန်မှာမှိုလိုပေါလာနိုင်တာပေါ့။
ထုံစံတိုင်းပေါ့။
လူတွေလဲ ဘုမသိဘမသိတက်ကြအုံးမှာ
ထုံးစံတိုင်းပေါ့။
သင်တန်းတက်ရလောက်အောင်မခက်ခဲပါဘူး။
တကယ်တော့ ယခုလက်ရှိ ယူနီကုဒ်သည် အရင့်အရင် ဇော်ဂျီထက်ကို များစွာသာလွန်ကောင်းမွန်သော ဖန်တီးမှုဖြစ်ပါတယ်။
ဂြိုလ်သားစာတွေရေးတာကတော့ တခြားဂြိုလ်ကလာတဲ့သူတွေဖြစ်ပါလိမ့်မယ်။ အလည်...
website ကိုကြည့်ပီး ၀င်ရေးချင်ဇောနဲ့ စွတ်ရေး လိုက်တာ ဖြစ်မယ် 
MMITD website ကို ဂြိုလ်သားတွေတောင်လာသုံးတယ်လို့ နာမည်ကြီးနေအုံးမယ်... 
Permalink January 5, 2012 အချိန် 9:52am တွင် Kankaung မှ စာပြန်ခဲ့သည်။ Please kindly let me know how to add confrence room box in my own Blog.
Permalink January 5, 2012 အချိန် 2:08pm တွင် မြရာပင်ပျို မှ စာပြန်ခဲ့သည်။ ဟုတ်ကဲ့ပါဗျာ....ယူနီကုတ် ကိုရေးကျင့်နေပါတယ်
Permalink January 5, 2012 အချိန် 2:32pm တွင် Wai Wai မှ စာပြန်ခဲ့သည်။ စိတ်လျှော့ စိတ်လျှော့.........
ဘယ်အရာမဆို ချက်ချင်းပြောင်းလဲဖို့ဆိုတာဖြစ်နိုင်တာမှမဟုတ်တာလေ......
အချိန်ဆိုတာလိုအပ်တာပဲ.................
:P
Permalink January 5, 2012 အချိန် 4:20pm တွင် alinten မှ စာပြန်ခဲ့သည်။ ဟုတ်ကဲ့ပါ...စကားမစပ်သတိပေးချင်တာလေးတစ်ခုရှိပါတယ်...အက်ဒမင်များခင်ဗျာ..
မြန်မာအိုင်တီရဲ့ဆိုဒ် search box မှာ ရှာဖွေခြင်းကိုရေးထားရာမှာ ဇော်ဂျီနဲ့ဖြစ်နေတာလား..
ဒါမှမဟုတ် ကျွန်တော့်ကွန်ပျူတာကပဲမှားနေတာလားမသိ:P...ကျန်တဲ့ဖောင့်တွေအကုန်မှန်နေပါတယ်...
အဲဒါလေးဖြေကြားပေးပါဦးခင်ဗျ...
Permalink January 5, 2012 အချိန် 6:17pm တွင် Who Am I? မှ စာပြန်ခဲ့သည်။ Browser မှာရှိတဲ့ Font setting မှာ
Sans-serif font ကို Unicode တစ်မျိုးမျိုး ပြောင်းထားခြင်းဖြင့် အားလုံး ယူနီကုဒ်နဲ့မြင်ရမှာဖြစ်ပါတယ်။
Myanmar IT Development
မှ သင့်အား ကြိုဆိုပါတယ်
မှတ်ပုံတင်ပြုလုပ်ရန်
ဒါမှမဟုတ်
ဝင်ကြည့်ရန်
© 2012 Created by MMITD.