မင်္ဂလာပါ ခင်များ
ဒီတစ်ခါ မြန်မာ့အိုင်တီလောကဖွံ့ဖြိုးမှုဆိုက်မှ ညီအကိုမောင်နှမများအတွက် အွန်လိုင်း ရေဒီယိုတွေ ကို တစ်စုတစ်စည်းတည်း ကြိုက်ရာရွေးနားထောင်လို့ရတဲ့ application လေး နဲ့ မိတ်ဆက်ပေးပါရစေ..
ဘာမှတော့ ထူးထူးုခြားခြားမဟုတ်ပါဘူး.. မြန်မာ အွန်လိုင်း ရေဒီယို တွေ ကျနော် ရှာဖွေထားမိသလောက် ၈ ခု နဲ့ မမီးမီး ကူရှာပေးတဲ့ နောက်တစ်ခု စုစုပေါင်း ၉ ခုကို စုစည်းပြီး application လေးတစ်ခုဖန်တီးလိုက်ခြင်းပါပဲ
ထပ်ပြီး ရှိနေသေးတဲ့ ရေဒီယိုတွေ သိရင်လည်း ပြောပြပေးကြပါ.. ကျနော် ထပ်ပေါင်းထည့်ပေးပါ့မယ်
လက်ရှိ နားထောင်လို့ရတဲ့ အွန်လိုင်း ရေဒီယို ၉ ခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်..
၁။ ဗုဒ္ဓ FM Radio
၂။ Just Music Radio(JMR)
၃။ အိမ်မက်လှိုင်း Radio(EML)
၄။ အဖြူရောင် သံစဉ် Radio(APYTZ)
၅။ Myanmar Youth Media Club Radio(MYMC)
၆။ Yet Another Myanmar Community Radio(YAMC)
၇။ 95.1 Street FM Radio
၈။ သံစဉ်လှိုင်း Radio
၉။ Australia Myanmar Youth Community
သက်ဆိုင်ရာ ရေဒီယို ဆိုက်များရဲ့ အွန်လိုင်း ရေဒီယို လင့်ကို ယူသုံးထားတာဖြစ်တဲ့ အတွက် သက်ဆိုင်ရာ ဆိုက်ပိုင်ရှင်များကိုတော့ ဒီကနေပဲ ခွင့်တောင်းလိုက်ပါတယ်.. ဆိုက်ပိုင်ရှင်များအနေနဲ့တော့ နားထောင်သူ ဦးရေ တိုးလာမှာ ဖြစ်တဲ့အတွက် ကျေနပ်ကြလိမ့်မယ်လို့တော့ ယူဆမိပါတယ်.. မကျေနပ်တာရှိရင်တော့ ကျနော့ကို တိုက်ရိုက် မေးလ်ပို့ပြီး ပြောပါ. ကျနော် ချက်ချင် ပြန်ဖြုတ်ပေးပါ့မယ်..
အသုံပြုပုံကို အောက်မှာ ပုံလေးများနဲ့ ပြထားပါတယ်..
အသုံးပြုရလွယ်အောင် မြန်မာဘာသာနဲ့ ရေးထားပါတယ်.. မြန်မာ၃ ရှိမှ မြန်မာစာလုံးတွေ မြင်ရမှာဖြစ်တဲ့အပြင် Message Box တွေမှာပါမြန်မာလို
မြင်နိုင်အောင်
Desktop >> Right Click >> Properties>> Appearance Tab
>> click the Advanced button
အဲဒိမှာ Item ဆိုတဲ့ Box လေးမှာရှိတဲ့
Active Title Bar,
Icon,
Inactive Title Bar,
Menu ,
Message Box ,
Palette Title ,
Selected Items ,
ToolTip
စတာတွေကို အကုန် မြန်မာ၃ ပြောင်းပေးထားဖို့တော့လိုပါမယ်..
နောက်ပြီး .Net Framework 2.0 ရှိမှ ဖွင့်လို့ရမှာ ဖြစ်ပါတယ်.. ဒါကြောင့်
.Net Framework 2.0 မတင်ထားတဲ့ စက်တွေ အတွက် ဒေါင်းလုဒ်လုပ်လို့ရအောင် လင့်ကို ဖော်ပြပေးလိုက်ပါတယ်..
အားလုံးအတွက် အသုံး၀င်မယ်လို့ တော့ ထင်ပါတယ်..
လိုအပ်တာတွေ ရှိရင် ဝေဖန်ပေးကြပါ..
အသုံးပြုသူတွေ အတွက်ကတော့ ဒီ application လေးကို အောက်ချထားပြီး ကြိုက်တာ ရွေးနားထောင်လို့ရတဲ့အပြင် Browser မှာ Tab တစ်ခုဖွင့်ရ သက်သာတာပေါ့... နားထောင်ချင်တဲ့ ဆိုက်ကို သွားပြီး နားထောင်နေစရာမလိုတော့ဘူးပေါ့.. နောက်ပြီး Player ကလည်း windows media player ရဲ့ dll (Dynamic Link Library) file တွေဖြစ်တဲ့ Interop.WMPLib.dll နဲ့ AxInterop.WMPLib.dll တွေ ကို ယူသုံးထားပါတယ်..
ကဲဒီလောက်ပါပဲ.. ရေးချင်တာတွေကတော့ အများကြီးပဲ .. ဘာတွေဆက်ရေးရမှန်း မသိတော့လို့ .. နောက်ပြီး ပိုစ့်က လည်းရှည်နေပြီ.. ဖတ်ရတဲ့လူ ပျင်းနေမှာစိုးလို့ ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ် :D ကျနော်လည်း မိုးလင်းနေပြီဖြစ်တဲ့အတွက် အိပ်ပါပြီ :D
အားလုံး ပျော်ရွှင်ကြပါစေဗျား..
အောက်မှာ ဒေါင်းလုဒ်ရယူပါ.. အင်စတော လုပ်စရာမလိုပါဘူး.. အပေါ်က ပုံမှာ ပြထားသလိုပါပဲ.. နီးစပ်ရာ သူငယ်ချင်းတွေကိုလည်း မျှေ၀ပေးလိုက်ပါ.. သူတို့လည်း အပျင်းပြေ နားထောင်ချင်တာ နားထောင်လို့ရတာပေါ့.. း) နားထောင်သူတွေ အရမ်းများလာလို့ ရေဒီယို ဆာဗာတွေ ဒေါင်းသွားမယ်လို့တော့ မယူဆမိပါဘူး ဟီးဟီး :P
ကျနော့ရဲ့ ဖန်တီးမှု အသေးစားလေးတွေကို တစ်စုတစ်စည်းတည်း ဖတ်ချင်ရင်တော့
http://douknowwhoim.blogspot.com or http://www.whoami7.co.cc မှာ သွားဖတ်နိုင်ပါတယ်... စုစည်းထားရုံသက်သက်သာဖြစ်ပါတယ်..
Click here to download MMITD Radio Player version 4.0
ကျေးဇူးတင်ပါတယ်..
Who Am I?
(Myanmar IT Development)
Tags: RadioPlayer
Permalink May 18, 2010 အချိန် 9:03am တွင် အားေရႊ မှ စာပြန်ခဲ့သည်။
Permalink May 18, 2010 အချိန် 9:16am တွင် Who Am I? မှ စာပြန်ခဲ့သည်။
Permalink May 18, 2010 အချိန် 10:08am တွင် အားေရႊ မှ စာပြန်ခဲ့သည်။
Permalink May 18, 2010 အချိန် 9:58am တွင် Henry Hu မှ စာပြန်ခဲ့သည်။
Permalink May 18, 2010 အချိန် 10:30am တွင် aung soe moe မှ စာပြန်ခဲ့သည်။
Permalink May 18, 2010 အချိန် 11:12am တွင် sakuramiemie မှ စာပြန်ခဲ့သည်။
Permalink May 18, 2010 အချိန် 11:02am တွင် sakuramiemie မှ စာပြန်ခဲ့သည်။
Permalink October 9, 2010 အချိန် 11:25am တွင် myat thet aung မှ စာပြန်ခဲ့သည်။
Permalink May 18, 2010 အချိန် 12:00pm တွင် sakuramiemie မှ စာပြန်ခဲ့သည်။
Permalink May 18, 2010 အချိန် 3:14pm တွင် သက်နိုင် မှ စာပြန်ခဲ့သည်။ Myanmar IT Development
မှ သင့်အား ကြိုဆိုပါတယ်
မှတ်ပုံတင်ပြုလုပ်ရန်
ဒါမှမဟုတ်
ဝင်ကြည့်ရန်
© 2012 Created by MMITD.