မြန်စံ (Smart) စာစီစရိုက်စနစ်ကို စတင်ဖြန့်ချိ
မြန်စံ(Smart) စာစီစာရိုက်စနစ်အား ကွန်ပျူတာသုံးမြန်မာစာစနစ် အကောင်အထည်ဖော်ခြင်းလုပ်ငန်း အဖွဲ့မှ ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှစပြီး အများပြည်သူအသုံးပြုနိုင်ရန် အခမဲ့ဖြန့်ချိ လိုက်သည်။ အဆိုပါ စာစီစာရိုက်စနစ်ကို ရယူအသုံးပြုလိုပါက http://www.myanmarnlp.org.mm/download
တွင် ရယူနိုင်မည်ဖြစ်သည်။ ယင်းတွင် မြန်စံ(Smart)စနစ်အား ကွန်ပျူတာအတွင်းသို့ ထည့်သွင်း နည်း၊ မြန်စံ(Smart)စာစီစာရိုက်စနစ် လက်ကွက်ဇယားနှင့် စာစီစာ ရိုက်နည်းလမ်းညွှန်တို့ကို ထည့်သွင်းပေးထားသည်။ ထို့အပြင် http://www.myanmarnlp.org.mm/keyboardတွင်လည်း မြန်စံ(Smart)စာစီစာ ရိုက်စနစ် လက်ကွက်ဇယားနှင့် စာစီစာရိုက်နည်းလမ်းညွှန်တို့ကို သွားရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။ မြန်စံ(Smart)စာစီစာရိုက် စနစ်ကို ကွန်ပျူတာသုံးမြန်မာစနစ်အ ကောင်အထည်ဖော်ခြင်းလုပ်ငန်း အဖွဲ့နှင့် ယင်းလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျှက်ရှိသော ပညာရှင်များ၏ အကူအညီဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။ ယင်းစနစ်သည် မြန်မာယူနီကုတ်စံ နှုန်းအတိုင်း အတိအကျလိုက်နာထားသော မြန်မာဖောင့်များအားလုံး အတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်စံ(Smart)စာစီစာရိုက်စနစ် ကို အသုံးပြုသူများအနေဖြင့် လွယ်ကူစွာအသုံးပြုနိုင်ရန်၊ အမှား အယွင်းနည်းပါးစွာ အသုံးပြုနိုင်ရန်၊ မြန်မာသင်ပုန်းကြီး စာလုံးပေါင်း အတိုင်းရိုက်နှိပ်နိုင်ရန်နှင့် ကွန်ပျူတာသုံးမြန်မာ စာစနစ်အကောင်အထည်ဖော်ခြင်းလုပ်ငန်းများတွင် အထောက်အကူပြုစေ ရန် ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်းဖြစ်သည်။ မြန်စံ(Smart)စာစီစာ ရိုက်စနစ်အကြောင်းကို အသေးစိတ်သိရှိလိုပါက http://www.myanmarnlp.org.mm/keyboardတွင် ဝင်ရောက်လေ့လာနိုင်သည်။
Download
မြန်စံ (Smart) Unicode (mediafire)
မြန်စံ (Smart) Unicode(dropbox)
မြန်စံ (Smart) Unicode (box.net)
Tags: (Smart), Myanmar-Unicode-font, Myanmar3, Smart-unicode, Unicode, Unicode5.2, maynamr-font, စာစီစရိုက်စနစ်, မြန်စံ
Permalink June 17, 2011 အချိန် 7:13pm တွင် han myo htwe မှ စာပြန်ခဲ့သည်။ ဘာတွေပိုကောင်းသွားလည်းသိလား။။
Permalink June 17, 2011 အချိန် 7:17pm တွင် han myo htwe မှ စာပြန်ခဲ့သည်။ keymagic နဲ့တူတူပဲထင်တယ်နော်
Permalink June 18, 2011 အချိန် 10:04am တွင် Jack Sparrow မှ စာပြန်ခဲ့သည်။
Permalink July 12, 2011 အချိန် 4:15pm တွင် kaung myat oo မှ စာပြန်ခဲ့သည်။ မန္တလေးကိုရေးတဲ့အခါ 'မ'၊ 'န' ရိုက်ပြီးတဲ့အခါ shift+F key ကိုတွဲနှိပ်လိုက်ပါ။ 'န' အောက်မှာ + လက္ခဏာလေးပေါ်လာပြီးရင် 'တ'ကို
ရိုက်လိုက်ပါ ။ ပြီးရင်တော့ 'လေး' ကိုဆက်ရိုက်လိုက်ပါ။ 'ဗုဒ္ဓ' လည်းထိုနည်းအတိုင်းပါပဲ။ အဆင်ပြေသွားပါလိမ့်မယ်။
Permalink September 12, 2011 အချိန် 3:32pm တွင် KyawKyaw မှ စာပြန်ခဲ့သည်။
Permalink June 21, 2011 အချိန် 10:56am တွင် Mike Khel မှ စာပြန်ခဲ့သည်။ Myanmar IT Development
မှ သင့်အား ကြိုဆိုပါတယ်
မှတ်ပုံတင်ပြုလုပ်ရန်
ဒါမှမဟုတ်
ဝင်ကြည့်ရန်
© 2012 Created by MMITD.