ဲအသင်းဝင်များ ခင်များ..

ဆိုက်ပြင်ဆင်နေချိန်မှာ အနှောက်အယှက်ဖြစ်ရတဲ့အတွက် ကျနော်တို့ အက်ဒမင်အဖွဲ့မှ အနူးအညွတ်တောင်းပန်အပ်ပါတယ်.. ယခင်အပတ်က Sub Domain တွေပြောင်းတုန်းကလည်း စိတ်အနှောက်အယှက်ဖြစ်ရ ၊ ယခု ယူနီကုဒ်ပြောင်းတော့လည်း အနှောက်အယှက်ဖြစ်ရတဲ့အတွက် စိတ်မကောင်းပါဘူး။

ကျနော်တို့လည်း ကောင်းသထက်ကောင်းအောင် ဖန်တီးနေကြတဲ့အတွက် စေတနာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို နားလည်ပေးစေလိုပါတယ်.. စိတ်အနှောက်အယှက်ဖြစ်ရတဲ့အတွက်လည်း တောင်းပန်အပ်ပါတယ်.။

ယခု လက်ရှိမှာ ကြုံတွေ့နေရတဲ့ပြဿနာကတော့  ယူနီကုဒ်ကို မမြင်ကြရခြင်းပါပဲ.. သို့မဟုတ် ရိုက်လို့မရကြခြင်းပါပဲ..

ဒီနေရာမှာ ဖော်ပြထားတဲ့ လုပ်ဆောင်ချက်တွေအတိုင်း လုပ်ဆောင်တာကို အချို့သော အသင်းဝင်များအနေနဲ့ အဆင်မပြေကြဘူးလို့ ပြောကြပါတယ်.. ကျနော်ရေးထားတာပဲ နားမလည်လို့လားလို့လည်း သံသယ၀င်မိပါတယ်..

လတ်တလော စဉ်းစားမိသလောက် ရှာလို့ရတဲ့အဖြေကို ရှင်းပြပေးချင်ပါတယ်..

ယူနီကုဒ်ကို Install လုပ်တာနဲ့ပက်သက်လို့ ယခင်ပိုစ့်ရဲ့ နည်းလမ်း(၂)မှာပြောခဲ့သလိုပါပဲဒီနေရာမှာဖောင့်ကို ဒေါင်းလုဒ်ယူပါ။ ပြီးရင် control panel ထဲက Fonts ဆိုတဲ့ ဖိုဒါထဲ ကို ထည့်ပါ..(ဒါတော့လုပ်တတ်မယ်ထင်ပါတယ်)

ပြီးရင်..Ekaya(အက္ခရာ) keyboard installer  , Ekaya_x46 ကို Install လုပ်ပါ။ အင်စတောလုပ်ရာမှာ အလျှင်မလိုမိဖို့ အရေးကြီးပါတယ်.. တော်တော်များများအဆင်မပြေကြဘူးဆိုတာ အဲဒါကြောင့်ပါ.. အရမ်းကာရော Next ကို စွတ်နှိပ်နေရင်တော့ လိုရာရောက်မှာမဟုတ်ပါဘူး.. . အက္ခရာကီးဘုတ်ကို အင်စတောလုပ်တဲ့အချိန်မှာ အောက်က ပုံမှာပြထားသလို မြန်မာ၃ ဖောင့်ကို ရွေးပေးဖို့ လိုပါလိမ့်မယ်.. အဲလိုမှမဟုတ်ရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး..

သင့်စက်ထဲမှာ (Control Panel ထဲက Fonts folder ထဲမှာ) Myanmar3 ရှိနေပြီဆိုတာ နဲ့ Myanmar3 နဲ့ရေးထားတဲ့ ဆိုဒ်တွေကို သင်ဖတ်လို့ရမှာဖြစ်ပါတယ်.. ရိုက်လို့ရဖို့အတွက်ပဲ Keyboard installer တွေကိုအသုံးပြုတာဖြစ်ပါတယ်.။  ဒီလောက်ဆို အဆင်ပြေလောက်ပြီထင်ပါတယ်..

 

ဒီစာကို သင်မြင်ရပြီလား။။ ဒါဟာ မြန်မာ ၃ နဲ့ ရေးထားခြင်းဖြစ်ပါတယ်.။ ယခင်က ဇော်ဂျီဖောင့်စသုံးတုန်းက ဒီလိုပဲ ကျနော်တို့အားလုံး ကသောင်းကနင်းဖြစ်ခဲ့ကြဖူးပါတယ်။ ယခုလည်း ဒီသဘောတရားပါပဲ။..နည်းပညာတွေတိုးတက်လာတာကို ကျနော်တို့ လစ်လျူရှုထားလို့မရပါဘူး.. ကျနော်တို့ အိုင်တီလောက က လူတွေက အသစ်အဆန်းနောက်ကို မလိုက်ရင် တခြားလူတွေက ပိုပြီး အလွန့်အလွန်ကိုနောက်ကျ ကျန်နေခဲ့ကြမှာပါ..  ဆန်းသစ်တီထွင်မှုတွေကို မသုံးပဲ ဒီအဟောင်းလေးပဲ ကောင်းပါတယ်ကွာ ဆိုရင်တော့ ကျနော်တို့ ကွန်ပြူတာတွေ update လုပ်စရာမလိုတော့ပါဘူး.. :)
တစ်ချို့က ပြောကြတယ်.. အင်တာနက်ဆိုင်တွေက မြန်မာ၃ ကိုမသုံးဘူးတဲ့.. စိတ်ပူစရာမရှိပါဘူး.. ယူနီကုဒ်တွေ သုံးလာတဲ့အချိန်မှာ အဲဒိအင်တာနက်ဆိုင် လူဝင်မှာမဟုတ်ပါဘူး..ဒါပေမယ့် အင်တာနက်ဆိုင်မှအသုံးပြုရတဲ့ လူတွေအတွက်ကတော့ စိတ်မကောင်းပါဘူး.. အဲဒိအတွက် ဖြစ်နိုင်ရင် အင်တာနက်ဆိုင် အက်ဒမင်ကို ခေါ်ပြောပါ.. ယူနီကုဒ်ကို အင်စတောလုပ်ပေးဖို့ အကူအညီတောင်းပါ.. လက်ရှိမှာ ကျနော်တို့ မြန်မာအိုင်တီဆိုဒ်တစ်ခုတည်း ယူနီကုဒ်ကို အသုံးပြုတာမဟုတ်ပါဘူး.. သူများဆိုက်တွေသုံးလို့ အံတိုနေကြတဲ့အချိန်မှသာ ကျနော်တို့ စတင်ပြောင်းလဲကြခြင်းဖြစ်ပါတယ်.. တော်တော်တောင် နောက်ကျနေပါပြီ.. ဒါတောင်.. မပြောင်းခင် ကြိုတင်ပြီး ဇန္နဝါရီလ ၁၅ မှာ ပြောင်းမယ်လို့ ကြိုတင် ကြေငြာထားခဲ့ပါတယ်.. အသင်း၀င်များအနေနဲ့ အမှတ်တမဲ့ ပဲလား သတိမမူမိကြတာလားတော့မသိပါဘူး.  လတ်တလောမှာ အသင်း၀င်များအနေနဲ့ ဆိုက်ရဲ့ Content တွေကို မြန်မာ၃ ရှိမှသာမြင်ရမှာဖြစ်ပါတယ်.. နောက်ပြီး. ကွန်းမန့်ပေးရာမှာလည်း မြန်မာ၃ နဲ့ ပေးမှသာ အဆင်ပြေပါလိမ့်မယ်. . ကျနော်တို့အနေနဲ့ ဆိုဒ်တစ်ခုလုံးကို ဇော်ဂျီကနေ မြန်မာ၃ ကိုပြောင်းဖို့အတွက် အချိန်တော်တော်ယူရပါဦးမယ်... လတ်တလော (နောက်ပိုင်းဆွေးနွေးချက်များ) မှစလို့ မြန်မာ၃ကို ပဲ ပြောင်းလဲ သုံးစွဲပေးကြဖို့ပြောချင်သလို .. ယခင်ရှိပြီးသား ဆွေးနွေးရေးသားချက်များကိုလည်း ကျနော်တို့ တတ်နိုင်သလောက် ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီး ဇော်ဂျီလက်ကွက်ကို လက်မလွှတ်ချင်သူများအတွက်လည်း ယခင်ပိုစ့်မှာ နည်းလမ်း(၃) နဲ့ ဆွေးနွေးပေးထားပါတယ်.. အသင်း၀င်များအနေနဲ့ သေချာ မဖတ်မိတာများလား.... ဂရုတစိုက်ဖတ်စေချင်ပါတယ်ခင်များ.. ဒါမှသာ တစ်ယောက်ရဲ့ ဆိုလိုချက်ကို တစ်ယောက်က နားလည်နိုင်မှာဖြစ်ပါတယ်..

လတ်တလော အခြေအနေမှာ အသင်း၀င်များအနေနဲ့ ယခင်က ဇော်ဂျီနဲ့ ရေးထားတဲ့ ပိုစ့်တွေ reply တွေကို ဇောက်ထိုးတွေ မြင်ကြရမှာ ဖြစ်ပါတယ်. အဲဒီအတွက်ဖြေရှင်းနည်းကတော့ (အလွယ်နည်း)  Note pad​ လေးတစ်ခုဖွင့်လိုက်ပါ.. ဖောင့်ကို ဇော်ဂျီပေးထားပြီး ဒီဆိုက်က ဇောက်ထိုးဖြစ်နေတဲ့စာတွေကို ကူးထည့်ပြီးဖတ်ပါ..(ယာယီပေါ့) နောက်ပိုင်းမှာ အကုန်လုံးအဆင်ပြေအောင်ပြောင်းပေးမှာဖြစ်ပါတယ်..


ကျနော်တို့အနေနဲ့ အသင်း၀င်များဆီကနေ ပြန်ပြီ အကူအညီတောင်းလိုတာလေး တစ်ခုရှိပါတယ်..

ဘာလဲဆိုတော့ လက်ရှိ ပိုစ့်တင်နေတဲ့လူတွေ (ဘလော့ရေးသူများပါ ပါ၀င်သည်) အနေနဲ့ မိမိတို့ရေးသားထားသည်များကို ပြန်ပြီး မြန်မာ၃ သို့ ပြောင်းပေးဖို့ပါပဲ ..ဒီနေရာလေးမှာ converter လေးရှိပါတယ်.. ဇော်ဂျီကနေ မြန်မာ၃ ကို ပြောင်းလို့ရပါတယ်.. အဲဒါလေးကို အသုံးပြုပြီး မိမိတို့ရေးသားထားတဲ့ ပိုစ့်လေးတွေကို ပြောင်းပေးမယ်ဆိုရင် တခြားလေ့လာသူတွေအတွက် ပိုပြီးအဆင်ပြေနိုင်ပါတယ်.ကျနော်တို့ အက်ဒမင်အဖွဲ့တစ်ခုတည်းနဲ့ ရှိသမျှ ပိုစ့်တွေအကုန် လိုက်ပြောင်းလို့တော့ရပါတယ်.. ဒါပေမယ့် လနဲ့ချီပြီးကြာသွားမှာစိုးတဲ့အတွက် .. ခုလို အကူအညီတောင်းရခြင်းဖြစ်ပါတယ်. (ဖြစ်နိုင်ရင် ဝိုင်း၀န်းကူညီစေလိုပါတယ်)


လေးစားစွာဖြင့်..

 

Who Am I?

Myanmar IT Development

Tags: unicode

Views: 856

ပြန်စာရေးရန်

ဒီဆွေးနွေးချက်အတွက် ပြန်လည်ဆွေးနွေးထားမှုများ

ကိုဟူးရေ..မြန်မာ၃ နဲ့ကွန်မန့်ပေးလိုက်တာပါ။အောက့်ကမြင်နဲ့ငသတ်လည်းရိုက်လို့ရနေပါပြီ။

ကိုယ့်အသင်းထဲကပို့စ်တွေကိုမြန်မာ၃ပြောင်းဖို့....ကိုဟူးပြောတဲ့အတိုင်း converter နဲ့ပြောင်းလိုက်ပါ့မယ်။

အားလုံးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ကိုဟူး။။။။။

 

I will not change to unicode at the moment. I'll be ok as I can read it; I had myanmar3 long ago soon after BBC changed to unicode. Could I know how you all embedded your unicode font? That is because I can read your words well and I can't read most of others' writings including that of coders and creaters. Only a few blogs works fine so far. BBC, MMITD, few blogs.

Regards,

TNT

ပြန်ထွက်ရန် is not ok on top right corner. but it is ok in this typing box.

Thanks for the report bro!!

We are trying to fix all bugs. 

Thanks.

Thanks for the nice help, but link is not work bro,. Thanks.

Thank for reply... ko who

i appreciated that ..

 

Thank ..... nyi lay zawgyi nat yay tar ma ya loe heee

ကိုဟူး​ရေ မြန်မာ၃ နဲ့ကွန့်မန့်ပေးလိုက်တာပါ။အရင် ကွန့်မန့်ပေးထားတဲ့ zawgyi font တွေကို member တွေပြောင်းပေးလို့မရဘူးမလား...ကျေးဇူးတင်ပါတယ်.....

အသင်း၀င်တွေအနေနဲ့ကတော့ ကိုယ်ရေးထားတဲ့ကွန်းမန့်ကို ရေးပြီး ၁၅ မိနစ်အတွင်းမှာပဲ ပြင်လို့ရပါလိမ့်မယ်။

ပို့စ်ရေးတဲ့လူတွေကတော့ မိမိရေးသားချက်တွေကို အချိန်မရွေးပြန်ပြင်လို့ရပါတယ် ညီမရေ။

ခုလို စိတ်ရှည်ရှည် ရှင်းြ​ေးတာ ​ကျေးဇူးပါဗျာ

 

ဆရာဟူးရေ.....ကျွန်တော်ဖြစ်စေချင်တာကတော့

zawgyi လက်ကွက်နဲ့unicode ပေါ်ထွက်လာအောင်ပဲလုပ်စေချင်ပါတယ်

ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ zawgyi လက်ကွက် ပါတဲ့keybord တွေကိုဘယ်သူမှလွှင့်မပစ်ချင်ဘူးထင်ပါတယ်

screen keybord ဖွင့်ပြီးသုံးရမယ်ဆိုရင် (ရန်ကုန်တော့မသိပါဘူး)

နယ်တွေဆိုင်တွေမှာသုံးရတဲ့သူတွေအဖို့အရမ်းက်ုအခက်အခဲဖြစ်နေမှာပါ

I can't see your comment.

RSS

Myanmar Font

*******************
*******************
*******************
Zawgyi => Unicode
Online Converter

 

လှူဒါန်းနိုင်ပါသည်။

MMITD ကိုလှူဒါန်းနိုင်ပါသည်။
ပြည်တွင်း
********************
ပြည်ပ
Paypal မှတဆင့်လှူဒါန်းနိုင်ပါသည်၊ အောက်ကခလုတ်ကို နှိပ်ပါ။




© 2012   Created by MMITD.

Badge များ  |  ပြဿနာ တစ်ခု တိုင်ကြားရန်  |  Terms of Service