Information

ဥပဒေရေးရာ

ဒီအသင်းမှာ ဥပဒေအထူးပြုကျောင်းသား/သူ ပ၊ဒု၊တ နှစ်တွေနဲ့ ဥပဒေဘွဲ့ရတွေ ဥပဒေပညာကိုစိတ်ဝင်စားသူတွေ စုစည်းပြီး ဥပဒေအကြောင်း ဆွေးနွေးကြရအောင်ပါ။

Website: http://www.mmitdev.com/group/law
နေရာ ->: www.mmitd.com
အသင်းဝင်များ ->: 60
နောက်ဆုံးလုပ်ဆောင်ချက်များ : ဖေဖော်ဝါရီ 27

ဥပဒေရေးရာအသင်းမှကြိုဆိုပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ဥပဒေပညာဟာအရှေ့ဆုံးမှအရေးပါသောပညာရပ်ဖြစ်ပါတယ်။

ဥပဒေ. ၂၀၀၉ ပညာသင်နှစ် စာစဉ်ဖြေဆိုနည်းလမ်းညွှန်နှင့် အနီးကပ်ပို့ချချက်များ ...

နိုင်ငံတစ်နိုင်ငံဖွဲ့စည်းတော့မယ်ဆိုရင် ဥပဒေ မရှိလို့မဖြစ်ပါဘူး နိုင်ငံတစ်နိုင်ငံမှာ ဥပဒေရဲ့အခန်းကဏ္ဍက အဓိကနေရာက ပါ၀င်ပါတယ်။ ဥပဒေက ရှုပ်ထွေးတဲ့ပြဿနာတွေကို တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးပါတယ်။
ဥပဒေရဲ့အရင်းအမြစ်ကတော့ ဥပဒေပြုရေးဖြစ်ပါတယ်။ ဥပဒေပြုရေးမှာ ဥပဒေရဲ့ စည်းမျဉ်းတွေကို ဥပဒေပြုရေး အာဏာပိုင်တွေက ကြေငြာပေးပါတယ်။ ဥပဒေပြုရေးမှာ ဥပဒေနဲ့ပါတ်သတ်တဲ့နည်းလမ်းတွေ အများကြီး ပါ၀င်ပါတယ်။ ရှေးမြန်မာဘုရင်များလက်ထက်ကပင် ဥပဒေကို အပိုင်း(၃)ပိုင်း နဲ့ ဖွဲ့စည်းထားပါတယ်။
၁) ဒမ္မသတ် (ဓလေ့ထုံးတမ်း ဥပဒေ)
၂) ရာဇသတ်
၃) ဖြတ်ထုံး ဟူ၍ သုံးပိုင်းခွဲ အုပ်ချုပ်ခဲ့ပါတယ်။

ခေတ်သစ်ဥပဒေပါရဂူ များကဥပဒေကို (၄)ပိုင်းခွဲခြားခဲ့ပါတယ်၊
၁)အပြည်ပြည်ဆိုင်ရာဥပဒေ နဲ့ တည်မြဲဥပဒေ
၂)အများဆိုင်ရာဥပဒေ နဲ့ ပုဂ္ဂလိကဆိုင်ရာဥပဒေ
၃)ပြစ်မှုဆိုင်ရာဥပဒေ နဲ့ ပြင်ပဥပဒေ
၄)ပင်မအရင်းခံဥပဒေ နဲ့ ကျင့်သုံးဥပဒေ ဟူ၍လေးပိုင်းခွဲခြားထားပါတယ်။

လူမျိုးတိုင်း၏လွတ်လပ်မှုအခွင့်အရေးဥပဒေ

၁) မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရ။
၂)နိုင်ငံသားတိုင်းသည် နိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်။
၃)နိုင်ငံတော်သည် နိုင်ငံသားများ၏တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွေ့ပြောင်းနိုင်သောပစ္စည်း မရွေ့ပြောင်း နိုင်သောပစ္စည်းနှင့် ဆက်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်။
၄)နိုင်ငံတော်သည်မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်။ ထိုပြင်ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှသစွာ ရယူပိုင်ခွင့်ပေးရမည်။

ဆွေးနွေးချက် Forum

လူငယ်၊ နည်းပညာနှင့် အင်တာနက်ရာဇဝတ်မှုများ စာပြန်ခြင်း 7 ကြိမ်

မောင်ဒေးပြီးခဲ့တဲ့ လေး၊ ငါးနှစ်ကာလတွင် Internet Chatting တွေ အရမ်း ခေတ်စားလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် မဆုံဖူးသူတွေဟာ အင်တာနက်ပေါ်မှာ မိတ်ဖွဲ့ကြတယ်။ တောင်တောင်အီအီတွေ ပြောကြတယ်။ အခုဆို ကင်မရာကိုသုံးပြီး တစ်ယောက်နဲ့တစ်ယောက် ဖန်သားပြင်ပေါ်မှာတောင်…Continue

Shine မှ စတင်ခဲ့ပြီး၊ မေ 26, 2011 နောက်ဆုံးစာပြန်ခြင်း ပြုခဲ့သူမှာ KoZawNaing ဖြစ်သည်။

ဥပဒေပုဒ်မ တချို့ကို သိချင်လို့ပါ။ စာပြန်ခြင်း 1 ကြိမ်

ပုဒ်မ ၂၉၉ နှင့် ၃၀၀ ဘာကွာသလဲ ဆိုတာကိုသိချင်လို့ပါ။ ဒါ့အပြင် ပုဒ်မ ၂၉၉ နှင့် ၃၀၄(က) တို့ဘယ်လိုကွာ သလဲဆိုတာကို ရှင်းပြပေးပါလား ခင်ဗျာ။Continue

naythurein မှ စတင်ခဲ့ပြီး၊ ဒီဇင်ဘာ 29, 2010 နောက်ဆုံးစာပြန်ခြင်း ပြုခဲ့သူမှာ THI HA ဖြစ်သည်။

ဦးကျော်ဇေယျရဲ့ ဥပဒေအဘိဓာန်

:D :D :) :( :P :D :) :P

kalaytha က စတင်ခဲ့သည် နိုဝင်ဘာ 28, 2010.

သိချင်လို့ပါ။ စာပြန်ခြင်း 1 ကြိမ်

ဥပဒေအကြောင်း နကန်းတစ်လုံးမှ နားမလည်ပါဘူး။ဒါကြောင့် ဖြဲချောက်တာတွေကို ကျွန်တော် ခဏခဏ ခံရပါတယ်။စသိချင်တာက နယ်က သူအမျိုးတွေ အိမ်လာလည်လို့ ဧည့်စာရင်းသွားတိုင်ပါတယ်။ အရင်ဆုံး ရပ်ကွက်လူကြီးဆီမှာ မှတ်ပုံတင်တွေပြပြီး ထောက်ခံချက် သွားလုပ်ရပါတယ်။ ပိုက်ဆံလည်း…Continue

soehtat မှ စတင်ခဲ့ပြီး၊ နိုဝင်ဘာ 24, 2010 နောက်ဆုံးစာပြန်ခြင်း ပြုခဲ့သူမှာ phyoe hlaing ဖြစ်သည်။

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ(၁၆၆)

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ(၁၆၆)။ ။ပြည်သူ့ဝန်ထမ်းဖြစ်သူသည် ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် လိုက်နာ ဆောင်ရွက်ရမည့် ဥပဒေညွှန့်ကြားချက်ကို ဖီဆန်ခြင်းဖြင့် တစ်ဦးတစ်ယောက်သောသူအား နစ်နာစေရန် အကြံနှင့်သော်လည်းကောင်း၊နစ်နာစေတန်ရာကို သိလျက်နှင့်သော်…Continue

yezarni က စတင်ခဲ့သည် နိုဝင်ဘာ 21, 2010.

420 ဆိုတဲ့ လိမ်လည်မှု စာပြန်ခြင်း 3 ကြိမ်

မေး--ကျွန်တော်မေးချင်တာ က ကျွန်တော်တို ပတ်ဝန်းကျင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှုတွေထဲ က 420 ဆိုတဲ့ လိမ်လည်မှု အကြောင်းမေးချင်ပါတယ် ဘယ်လို အချက်တွေနဲ့ ညီညွတ်ရင် လိမ်လည်မှုမြောက်သလဲ ... ဘယ်လို ကာကွယ်ခွင့်ရမလဲ ဘယ်လို အချက်တွေကိုထောက်ရင် နိုင်မလဲ ကိုယ်…Continue

Shine မှ စတင်ခဲ့ပြီး၊ နိုဝင်ဘာ 14, 2010 နောက်ဆုံးစာပြန်ခြင်း ပြုခဲ့သူမှာ kopyae25 ဖြစ်သည်။

ရာဇသတ်ကြီးပါ အဓိပ္ပါယ်များ

(က) ပြစ်မှုများ၏ အင်္ဂါရပ်များကို ဖော်ပြသည့် ပုဒ်မများ၌ အသက်(၇)နှစ် မပြည့်သေးသော ကလေးသူငယ်သည် ထိုပြစ်မှုကို မကျူးလွန်နိုင်ကြောင်း ဖော်ပြထားခြင်း မရှိသော်လည်း အသက်(၇)နှစ် မပြည့်သေးသည့် ကလေးသူငယ် ပြုသော အရာသည် ပြစ်မှု မမြောက်စေရဟု ပြဌာန်းသည့်…Continue

KOARKARKYAW က စတင်ခဲ့သည် အောက်တိုဘာ 3, 2010.

အီလက်ထရွန်းနစ် ဥပဒေ ဆိုတာ

ဒီနေ့ မှသတင်းတွေ ဖတ်ရင်းက တွေ့လို့ တခြား ကျွန်တော်လို မသိသေးတဲ့ မိတ်ဆွေတွေ သိအောင်နဲ့ ပြည်တွင်းက နောင်တော် အမတော်တွေ မိတ်ဆွေသူ ငယ်ချင်းတွေ သိပြီး ကြိုတင် ရှောင်ရန်ဆောင်ရန်အတွက် မျှဝေပေးလိုက်ပါတယ်။ အော် အီလက်ထရွန်းနစ် ဥပဒေ .....ဆိုတာ ။**အင်တာနက်…Continue

Shine က စတင်ခဲ့သည် စက်တင်ဘာ 11, 2010.

ထင်မြင်ချက်များရေးရန်နေရာ

ထင်မြင်ချက်

သင်ဟာ ထင်မြင်ချက်ပေးရန် ဥပဒေရေးရာ ရဲ့ အသင်းဝင်ဖြစ်ဖို့လိုအပ်ပါတယ်

December 26, 2010 အချိန် 6:10pm တုန်းက နေလူနိုင် ပေးခဲ့သောထင်မြင်ချက်
ဧည့်စာရင်းတိုင်ကြားခြင်းနဲ့ ပတ်သက်ပြီး နားလည်မှုလွဲနေတာတွေ အများကြီးပါ။ ရဲတချို့ က ည ၁၂ နာရီ ကျော်လို့ အိမ်မှာရှိနေရင် ဘယ်အချိန်ကတည်းက ရောက်ရောက် ဆွဲစိမယ်လို့ ဆိုပါတယ်... ဘယ်အကိုးအကားနဲ့ ဖြေရှင်းရမလဲ... ၀ိုင်းဆွေးနွေးပေးကြပါဦး...
December 3, 2010 အချိန် 4:14pm တုန်းက zawminoo ပေးခဲ့သောထင်မြင်ချက်
:D
November 19, 2010 အချိန် 8:56pm တုန်းက yezarni ပေးခဲ့သောထင်မြင်ချက်
ကိုစိုးထက်ရေးသွားတာလေးကို ပြန်လည်ရှင်းပြချင်လို့ပါ
၁၉၀၇ ခုနှစ်ကျေးရွာများအက်ဥပဒေပုဒ်မ၁၅(၁)(၂)ကတော့ ပြဌာန်းချက်ပုဒ်မ မှာက မိမိအိမ်သို့ အခြားမြို့မှ ဧည့်သည် လာရောက်တည်းခိုရာ၌ ဧည်သည်ရောက်ပြီး
(၁၂)နာရီအတွင်း ဧည့်သည်ရောက်ရှိကြောင်းကို ဧည်သည်၏ အမည်စာရင်း၊အလုပ်အကိုင်
နေရပ်လိပ်စာ၊လာရောက်သည့်ဒေသတို့ကို ဖော်ပြလျက်၎င်း အဆိုပါဧည့်သည်ပြန်သွားလျှင
်၎င်းတိုင်ကြားရမည်။
ပုဒ်မ၁၆(၁)ထိုသို့တိုင်ကြားခြင်း ပျက်ကွက်ပါ ပျက်ကွက်သူအားထောင်ဒဏ်(၁၅)ရက်အထိ
ဖြစ်စေ၊ငွေဒဏ်ကျပ်(၅၀)အထိဖြစ်စေ ချမှတ်ခွင့်ရှိသည်လို့ (၁၉၀၇မြို့များအက်ဥပဒေ
ပုဒ်မ၁၀(၁)(၂)နှင့်(၃)တို့တွင်လည်း ပြဌာန်းထားတာကိုတွေ့ရပါတယ်)

ဒီဥပဒေရဲ့လုပ်ထုံးလုပ်နည်းကို(အထွေထွေဦးစီး)ရက်ကွက်ကျေးရွာ အမှတ်စဉ်-၅၁၊လုပ်ပိုင်
ခွင့်နည်းစနစ် အမှတ်စဉ်-၃၉ မှာက
ရယကရုံးသည် သက်ဆိုင်ရာ် ရက်ကွက်/ကျေးရွာ အတွင်းသို့ အခြားဒေသမှ ညအိပ်ညနေ
လာရောက်သည့် ဧည့်သည်နှင့်ပက်သက်ရွေ့ အိမ်ရှင်ကဖြစ်စေ ဓဧည့်သည်ကဖြစ်စေဧည့်စာ
ရင်း တိုင်ကြားခြင်းကို လက်ခံရမည်။
တိုင်ကြားရာတွင် အောက်ပါတို့ကို ဖော်ပြတိုင်ကြားရမည်။
-ဧည့်သည် အမည်
-အမျိုးသားမှတ်ပုံတင် အမှတ်
-အလုပ်အကိုင်
-လက်ရှိ(သို့) နောက်ဆုံးနေထိုင်ခဲ့သည့် နေရပ်လိပ်စာ
-လာရောက်သည့် အကြောင်း
-ရောက်ရှိသည့် အချိန်
ပြန်လည်ထွက်ခွာသည့် အချိန်တွင်လည်း အိမ်ရှင်က အကြောင်းကြားရသည်။ရောက်
သည့် အချိန်မှ(၁၂)နာရီ အတွင်းတိုင်ကြားရန်(သို့)ပြန်လည်ထွက်ခွာသွားကြောင်း အကြောင်းကြားရန် ပျက်ကွက်သူအား တရားစွဲဆိုခွင့် ရှိသည်ဟု ဖော်ပြထားတယ်
အဓိက ----ဥပဒေကို ပြဌာန်းခြင်း ရည်ရွယ်ချက်ကတော့
ရပ်ရွာအေးချမ်းသာယာရေးကို နှောင့်ယှက်မည့်သူများ၊ပြေး(၄)ပြေးများ၊ခိုးဆိုးနှိုက်များ၊ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်း
ရှောင်နေသူများ မသင်္ကာဖွယ်ရာလူများ ရပ်ရွာအတွင်းခိုအောင်းနေပါက သိရှိ နိုင်ရန်နှင့် အဖွဲ့အစည်း အချင်းချင်း ဆက်သွယ်ဖမ်းဆီးနိုင်ရန်ပြဌာန်းထားခြင်းဖြစ်ပါတယ်၊

(ကျနော်ကတော့ အလွယ်တစ်ကူနားလည်နိုင်အောင်ရေးပေးထားပါတယ် နားလည်လိမ့်မယ်
လို့လည်းမျှော်လင့်ပါတယ်။နောက်များ အချိန်ရတယ်ဆိုရင် ရယက အဖွဲ့အစည်းမှာ ပေးအပ်
ထားတဲ့တာဝန်ကို မလုပ်ရင် ကျခံရမယြ့်ပစ်မှုပြစ်ဒဏ်တွေကို ရေးပေးပါမယ့် အခုတော့
ကျနော့်ကိုခွင့်ပြုပါဦး)
အားလုံးဥပဒေရဲ့ အရိပ် အာဝါသအောက်မှာ လွတ်လပ်ပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျှက်
ရဲဇာနည်


:-bd
November 12, 2010 အချိန် 9:29am တုန်းက phyoe hlaing ပေးခဲ့သောထင်မြင်ချက်
ဒီလိုအသင်းလေးဖွဲလိုက်တာကောင်းပါတယ် ကို shine ရဲစိတ်ကူုးလေး ကိုသဘောကျပါတယ် ကျွှန်တော်တိုလို ဥပဒေသမားတွေအနေနဲ ဆွေးနွေးလိုရတယ် သိချင်တာလေးတွေမေးလိုရတော ကျေးဇုးတင်ပါတယ် အင်တာနက်မှာ ဥပဒေနဲပက်သက်တဲ အကြောင်းလေးတွေကိုလိုက်ရှာနေတာခုမှတွေတယ် အစ်ကိုရေ ကျေးဇူးပါအစ်ကို :)
October 11, 2010 အချိန် 8:41pm တုန်းက aung ပေးခဲ့သောထင်မြင်ချက်
မင်္ဂလာပါသူငယ်ချင်းတို့.........
September 11, 2010 အချိန် 6:30pm တုန်းက Shine ပေးခဲ့သောထင်မြင်ချက်


လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင် နေထိုင်ကြသည့် လူတိုင်းလူတိုင်းသည် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေနှင့် ပတ်သက်သည့်ဝေါဟာရများကို သိရှိနားလည်မှသာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစစ အရာရာတွင် အဆင်ပြေချောမွေ့နိုင်မည်ဖြစ်သည်။ ဥပဒေဝေါဟာရ၏ သဘောသဘာဝအရ အနက်အဓိပ္ပာယ် ခက်ခဲနက်နဲကျယ်ဝန်းသော်လည်း ဤအဘိဓာန်စာအုပ်တွင် ပါရှိသည့် ဥပဒေနှင့်ဆိုင်သည့် အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် တိကျပြည့်စုံခြင်း နားလည်လွယ်ခြင်းတို့ကြောင့် ဥပဒေပညာကို ဗဟုသုတအနေဖြင့် လေ့လာနေသူများ၊ ဥပဒေ ကျောင်းသားကျောင်းသူများ၊ ရှေ့နေများ၊ ဥပဒေအရာရှိများ၊ တရားသူကြီးများနှင့် ဥပဒေပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူများအတွက် လက်ကိုင်ထားရမည့်စာအုပ်ပင်ဖြစ်ပါသည်။ ဤစာအုပ်တွင် ဥပဒေနှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို အင်္ဂလိပ်-အင်္ဂလိပ်-မြန်မာ ဖြင့် ဥပဒေဝေါဟာရ (၇၀၀၀)ကျော်ကို ရှင်းလင်းလွယ်ကူစွာ ဖော်ပြထားပါသည်။
 

အသင်းဝင်များ (60)

 
 
 

Myanmar Font

*******************
*******************
*******************
Zawgyi => Unicode
Online Converter

 

လှူဒါန်းနိုင်ပါသည်။

MMITD ကိုလှူဒါန်းနိုင်ပါသည်။
ပြည်တွင်း
********************
ပြည်ပ
Paypal မှတဆင့်လှူဒါန်းနိုင်ပါသည်၊ အောက်ကခလုတ်ကို နှိပ်ပါ။




© 2012   Created by MMITD.

Badge များ  |  ပြဿနာ တစ်ခု တိုင်ကြားရန်  |  Terms of Service