Website: http://mutdfan.com/
အသင်းဝင်များ ->: 22
နောက်ဆုံးလုပ်ဆောင်ချက်များ : ဖေဖော်ဝါရီ 23
မက်ဖန်က..ဆောင်းပါးလေးပါ ခင်ဗျာ။ ကြိုက်လွန်းလို. ပြန်ရှဲမိပါတယ်..
http://mutdfan.com/index.php/readmore/post/37929
ပျော်ရွှင်မှုများပြည့်နက်နေသော ကောင်းကင်ယံကြီးရဲ့ မနက်ခင်း ထွက်ပြူစ နေမင်းကြီးလို ထွန်းတောက်နေ တဲ့ ပရီးမီးယားလိဂ် ရာသီသစ်ဟာ မကြာမီရက်ပိုင်းအတွင်းမှာ စောင့်မျှော်နေသူ ပရိတ်သတ်များ ၏ မျှော်လင့်ချက် ရင်ခွင်တစ်စုံထဲသို့ အလိုက်သိတတ်စွာ ၀င်ရောက်လာတော့မှာပဲ ဖြစ်ပါတယ်။ နွေရာသီ Player Shopping ပွဲတော်ကြီးမှာ သူသူငှာငှာ များနှီးတူ ကျွန်တော်တို့ရဲ့ ပရီးမီးယားလိဂ် ဇာတ်လိုက်ကျော်ကြီးများကလည်း ခြေလှမ်း နောက်ကျမှု ကင်းစွာဖြင့် ၀ရုန်းသုန်းကားနဲ့ ဒုန်းစိုင်းကြဲခဲ့ကြပါပြီ။ ယခုနှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲကြီး၏ ဧရိယာမိ ရပ်ဝန်းအတွင်သို့ ၀င်ရောက်ကာ ဝေဖန်ချင့်ချိန် သုံးသက်ရလျှင့်ဖြင့် .......
မန်ယူ
၁၉ ကြိမ်မြောက် မှတ်တိုင်တစ်စုံကို ခြေချနိုင်ခဲ့သည့် ဖာဂူဆန်နှင့် Glory တပ်သားတစ်သိုက်ရဲ့ အချိုပေါ် သကာလောင်းမဲ့ အခိုက်အတန့်တွေက ကုန်ဆုံးမည့် အရိပ်အယောင် မတွေ့သေးပါဘူး။ ယခုနှစ်မှာ ဆာအဲလက်စ်အတွက် အပြောင်းအရွှေ့စျေးကွက်မှာ စျေးဝယ်ကြမ်းတဲ့ အိမ်ရှင်မကြီးနေရာကနေ သရုပ်ဆောင်ခဲ့ပြီး တွေ့သမျှ မြင်သမျှ ကောင်းနိုးရာရာတွေကို မန်ယူလူစာရင်ထဲ ထိုးသွင်းခဲ့ပုံ ထောက်ရှူ ရရင်ဖြင့် အကြီးကြီးတော့ အကြီးကြီး မှန်းနေပါပြီ။ ဒီဂီယာ ၊ ဖီးလ်ဂျံူး ၊ အရှ်လေယန်း လူငယ်တစ်သိုက်နဲ့ ဆင်ဖမ်းမယ် ကျားဖမ်းမယ် မအော်သေးပေမဲ့ ဆင်ကြံကြံနေတယ်ဆိုတာတော့ မပြောပဲသိနိုင်ပါတယ်။ အမေရိကားမှ ပြသခဲ့တဲ့ ရွှေရောင်ခြေစွမ်း မှသည် ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ အိမ်နီးချင်း စီးတီးတွေနဲ့ စီးချင်းထိုးရာမှာတော့ မနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှ နှင်းဆီယတြာ အခုမှ ထအစွမ်းပြသလား အောင်းမေ့ ရသလိုတောင် ထင်ရပြီး နာနီကတော့ မရွယ်ပဲ ဆော်ကဲမင်းဖြစ်တယ်လို့ပြောပြော ဆိုင်ကော်လို့ချုံပေါ်ရောက် တယ်လို့ပဲဆိုဆို ဖာဂူဆန် နှင့် မန်ယူတစ်သိုက်တော့ မုတ်ဆိတ်ပျားဆွဲ အောင်ပွဲဆင့်ကာ ရာသီသစ်အတွက် မျက်နှာပန်းပွင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ မန်ယူအတွက် အကြိမ် ၂၀ မြောက်ဆိုတဲ့ အက္ခရာအတွက် ဖာဂူဆန်ရဲ့ ထိန်းကျောင်းမှုနှင့် နည်းဗျူဟာအပေါ် သံသယအလျင်း ကင်းစင်ကြောင်းပါ။ သို့သော်လည်း ပေါလ်စခိုး ကွက်လပ်ကို ကလီဗာရီ နဲ့ဖြည့်မယ်ဆိုရင်တော့ လောင်ကစားဆန်သလိုဖြစ်နေပါတယ်။ အကြီးကြီးမှ လိုချင်တယ်ဆိုတဲ့ ဖာဂူဆန်အတွက်တော့ ကံကိုယုံပြီး ဆူးပုံထပ်မနင်းသင့်တော့ပဲ အင်တာကွင်းလယ် ဗိုလ်ချုပ်အား သရဲနီတပ်သားအဖြစ် အမြန်ဆုံး ဘိတ်သိတ်သွတ် သင့်တယ်လို့ ဆိုလိုက်ပါရစေ။
ချယ်လ်ဆီး
နည်းပြသစ် ဘိုးအားစ်အတွက် ချယ်လ်ဆီးအသင်းရဲ့ ကန္တာရ ခရီးကြမ်း စတင်ချိန်မှာတော့ သူ့အသက်က ၃၃ နှစ်သာ ရှိသေးသည်ကတော့ ဝေဖန်ထောက်ပြစရာ ဖြစ်နေပါတယ်။ ကစားသမားနဲ့လယ်ဗယ်တန်း နည်းပြမျိူးက အသင်းကို မည်သို့မည်ပုံ ဦးဆောင်မည်က အတွေးခေါင်စေတာအမှန်ပါပဲ။ စကိုလာရီ ၊ အယ်ဆယ်လော့တီ တို့လို ၀ါရင့်နည်းပြများပင် လက်မြောက် ဒူးထောက် နားရွက်ကိုင် ခဲ့ရသော ချယ်လ်ဆီးရဲ့ မဏာရထိုင်ခုံပူပေါ် မျက်စေ့သူငယ် ၊ နားသူငယ် နှင့် တက်ထိုင်ခဲ့တဲ့ ဘိုးအားစ်အတွက် မလေးရှားလို အသင်းမျိူးကို တစ်ဂိုးတည်းသာ သွင်းနိုင်ခဲ့ချိန်မှာတော့ ဘေးဘီဝန်းကျင်မှာတော့ ခေါင်းတစ်ခါခါနှင့် ရှိနေကြပါတော့တယ်။ ဘိုးအားစ်အနေနဲ့ ချယ်လ်ဆီးအသင်းမှာတော့ ပေါ်တိုအသင်းမှာလို လေသံဖမ်း တရားနာလို့ရမည် မဟုတ်ပေ။ ယခုနှစ် ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့စျေးကွက် ဆောင်ပုဒ်ကတော့ ချိန်ပါဟု ပင်ပြောရမလားဟု တွေးမိသည်။ အဘယ်ကြောင့် ယခုလိုဆိုရသည်ဟု ပြောလျှင် ယခုနှစ် ချယ်လ်ဆီး အသင်းချိန်လိုက်သမျှ ကစားသမားများ ( နေမာ ၊ ပစ်စတိုရီ ၊ ဖလ်ကာအို ) အားလုံး သူများအသင်း နောက်ပါသွားသဖြင့် တွတ်ပီ ကာတွန်းထဲက လူပျိုကြီးစောတင်မောင်တို့ ရာသီခွင်များ စိုးမိုးထားလေရော့ သလား ချယ်လ်ဆီးရယ်ဟုပင် တွေးမိသည်။ နောက်ဆုံးတော့လည်း ရသေ့စိတ်ဖြေ အဖြစ် လူကာကူးတော့ အရခေါ်ယူခဲ့ပေမဲ့ သန်း ၅၀ တန် တောရက်စ် ဂိုးသွင်းနိုင်မည့် အစီအစဉ်တွေကို ဥံဖွလုပ်ရဦးမည့် ဘိုးအားစ်အတွက်တော့ နှုတ်ခမ်းချင်းလိမ်နေဦးမှာပဲ ဖြစ်တယ်။ တောရက်စ်သာ ရှီးဗားကြီးနောက် ထပ်ကြပ်မကွာလိုက်ခဲ့မယ်ဆိုရင်တော့ မိုဗစ်ကြီး ရွက်လှေပေါ်ကနေ "တောက်" ခေါက်သံတွေလည်း ပျံ့လွင့်နေဦးမှာပါ။ မော်ရင်ဟိုမှ အစ အယ်ဆယ်လော့တီအဆုံး ချယ်လ်ဆီးအတွက် ပြည်တွင်း ဖလားမျိုးစုံ ရရယူသွားပေးပေမဲ့ ချန်ပီယံလိဂ်ဖလား ငတ်မွတ်နေကြတဲ့ ခြင်္သေ့ပြာ ပရိတ်သတ် တွေကတော့ ဘိုးအားစ် အရယူပေးရမယ်လို့ မျှော်လင့်ချက် ကြီးကြီးမားမား ထားကောင်းထားကြမှာပါ။ သို့ပေမဲ့လည်း သူတောင် ချန်ပီယံလိဂ် အနားမကပ်ဖူးတော့ ချယ်ဆီးဖန်တွေအတွက် အာသီသဖြေဖို့ရာ ချယ်ဆီးအသင်းနှင့်အတူ ဥရောပမှာ ဒီနှစ် ဖောင်ဖျက်ကာ တိုက်ပွဲဝင်သွားရမှာလို့ပဲ ဆိုပါရစေ။

အာဆင်နယ်
ကိုယ်ကကျူးရင့်ကိုယ့်ဒူးတောင် မယုံတဲ့သူ ၊ ငါးကြင်းဆီ နဲ့ ငါးကြော်ရာမှာ ကျွမ်းကျင်လှတဲ့ အာစင်ဝင်းဂါးကတော့ အပြောင်းအရွှေ့စျေးကွက်မှာ ဘယ်သူတွေ ဘယ်လို အုတ်အော်သောင်းနင်းဖြစ်ပါစေ သူကတော့ သူလုပ်ချင်တာကို ခြေသံလုံလုံဖြင့် ဝေဖန်ရေးတွေဘေးချိတ်ပြီး လုပ်နေဆဲလို့ ဆိုနိုင်ပါတယ် ။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်းလည် ဆိုသည့် ဆိုရိုးစကားပုံကို ကျောင်းတုန်းက ၀င်းဂါးတစ်ယောက် မဖတ်မိခဲ့ သလားလို့ပင် အောင့်မေ့ရပြီး ယခုနှစ် အပြောင်းအရွှေ့စျေးကွက်မှာလည်း အသင်းကို တပ်သားသစ် စုဆောင်းဖို့ထက် ပြည်တော်ပြန်ချင်နေသည့် ဖာဘရီဂက်စ် နှင့် ဖလားငတ် နာဆရီတို့ကိုသာ ပတ်ထိန်းရင်း လူဆိုးထိန်းကြီးလုံးလုံးသာ လုပ်နေရပါတယ်။ ဖာဘရီဂက်စ် နှင့် နာဆရီတို့ရဲ့ တရားဝင်ထွက်ခွာမယ်ဆိုတဲ့ စကားသံတွေကြောင့် အာဆင်နယ်အသင်းကတော့ သူတို့နှစ်ဦးကို စားရမှာလည်း သဲတစ်ရှပ်ရှပ် ပစ်ရမှာလည်း အဆီတစ်ဝင်းဝင်း ဆိုသလိုဖြစ်နေပြီ ဝေဿန္တရာမင်းကြီးလို ရက်ရက်ရောရော မလှုူရခင် ယူရိုငွေ မျိူးမျိူးမြတ်မြတ်ရတုန်း ထုတ်ရောင်းလိုက်သင့်ပါတယ်။ သွေးအေး သတ္တဝါကြီး ၀င်းဂါးကတော့ ပရိတ်သတ်များ ငိုချင်းသည်ဖြစ်နေသည်ကိုပင် မထောက်မရှူု သူ့ရဲ့ လူငယ်မွေးမြူရေး ပရော်ဂျက်ကြီးမှာသာ ခြေကျင်းလိမ်နေတာကို တွေ့ရပါတယ်။ ဘယ်လိုပင်ဖြစ်ပါစေ အရည်အချင်းရှိလှတဲ့ ၀င်းဂါးတစ်ယောက် အာဆင်နယ်အသင်း နှင့် လမ်းခွဲမှာတော့ အောင်မြင်မှုပျောက်ကွယ်ခြင်းတွေနဲ့ အဆုံးမသတ်သင့်ပါဘူး။ ရှင်ဘုရင်ဆိုတာ သေရင်တောင် ထီးဖြူလေး နဲ့မှ သိက္ခာရှိတာဆိုတော့ ၀င်းဂါး နဲ့ အာဆင်နယ်ဇာတ်လမ်း ဇာတ်သိမ်းပိုင်းမှာ ပရိတ်သတ် အပြုံးကိုယ်စီ ဝေဖူးအောင်တော့ ၀င်းဂါးတစ်ယောက် အိပ်ယာဝင် ချော့တေးထက် အောင်ပွဲခံတေးတွေ ပိုမိုလေ့ကျင့်သင့်နေတာ အမှန်ပါပဲ။ ဒါ့အပြင် ခဲမှန်ဖူးတဲ့စာသူငယ်လို ဖြစ်နေတဲ့ အာဆင်နယ်အသင်းကို ရဲရင့်မှုတွေတပ်ဆင်ပြီး ထိပ်ဆုံးကို စွဲခေါ်နိုင်ဖို့ကတော့ အသပြာ ငွေကြေးများအား အလှူရေစက် လက်နဲ့မကွာပါလားဟု နှလုံးမူကာ သုံစွဲမှသာ သာပိုကောင်းမည်ဖြစ်ကြောင်း ဆိုလိုက်ပါရစေ။
မန်းစီးတီး
မုန်ယိုနေတဲ့ ဆင်ရိုင်းတစ်ကောင်လို ထင်တိုင်းကျဲ ၀ုန်းဒိုင်းကျဲမယ်ဆိုပြီး မန်စီနီ တစ်ယောက်ကတော့ အပြောင်းအရွှေ ့စျေးကွက်မှာ ခွေးကျိုးနဲ့ယုန်လိုက်သလို ပြုမူနေခဲ့ပြီး ညောင်းသီးလည်းစား လေသံလည်း နားထောင်မျိူးလုပ်ဖို့ စိတ်မကူးခဲ့ပါဘူး။ ဒါ့ကြောင့်ပင် နာမည်ကြီးပေ့ဆိုသည့် ကစားသမားများအား ငွေပုံပေါ် ထိုင်ကာ ခေါ်ယူခဲ့ပြန်တော့ ရောင်းရတဲ့အသင်းတွေမှာတော့ မန်းစီးတီးကို ကျေးဇူးကမ္ဘာတွေ ဝေသီလို့ နေ ပါတယ်။ အီဒင် ဇစ်ကို ၊ဘာလော့တယ်လီ ၊တီးဗက် တို့လို ဂရိတ်တိုက်စစ်အတွဲကို အားမရသေးပဲ အဂူရိုကို ထပ်ခေါ်ကာ တိုက်စစ်အတွက် အားစိုက်ခဲ့ပြီး နောက်တန်းအတွက်တော့ ယုံကြည်ခဲ့တဲ့ မန်စီနီ ရဲ့ ယုံကြည်မှုမျက်နှာကိုတော့ ကွန်ပနီက ဖြတ်ရိုက်ခဲ့ပြီး ၂၀၁၁ မန်ယူအသင်းရဲ့ကွန်မြူုနတီဒိုင်းချန်ပီယံဆုရရှိတဲ့ ဓာတ်ပုံတွေ အစီအရီ ထွက်လာပေါ်လာခဲ့ပါတော့တယ်။ ထိုအချိန်မှာတော့ မန်စီနီတစ်ယောက် မီးခဲပေါ်ဖင်ခုထိုင်မိတဲ့ အနေအထားကို ဆိုက်ရောက်သွားပြီပဲ ဖြစ်ပါတယ်။ အတိမ်အစောင်း မခံတဲ့ အာရဗ်တွေကြောင့် ဒီနှစ်အတွက် အစောဆုံးထုတ်ပယ်ခံရမဲ့နည်းပြမှာ မန်စီနီ မဖြစ်ပါစေနဲ့လိုသာ ဆုတောင်ယုံမှ တစ်ပါး အခြားမတတ်နိုင်တော့ပါ။
လီဗာပူးလ်
British Revolution ခေါင်းစဉ်အောက်မှာ အစီအစဉ်တွေရေးဆွဲခဲ့တဲ့ ဒဲလ်ဂလစ်ရှ် ရဲ့ ကွင်းလယ်မှာတော့ ပေါင်သန်း ၂၀ တန်လေးတွေ အစီအရီ တွေ့မြင်ရမှာပါ။ တန်းဆင်းသွားတဲ့ ဘလက်ပူးလ် အသင်းခေါင်းဆောင် ၊ နောက်တစ်ဆင့် မရောက်နို်င်တော့တဲ့ ဒေါင်းနင်း နဲ့ လူမမယ် ဟန်ဒါဆင်တို့ရဲ့ တြိဂံကွင်းလယ်ကတော့ မနှစ်ကလို လီဗာကို မုန့်လုံးစက္ကူမကပ်အောင် လုပ်ပေးဖို့လိုပါလိမ့်မယ်။ ဒဲလ်ဂလစ်ရှ်အနေနဲ့ ငွေကြေး အတော်အတန်သုံးထားပြီဖြစ်တာကြောင့် ဖွတ်မရ ဓါးမဆုံးအနေအထားမျိူး မဖြစ်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ကွင်းလယ်ကစားသမားတွေ တပုံတပင် ခေါ်ယူနေသည့်ကို မြင်တွေ့လာရသည်က ဒီနှစ် လီဗာသုံးမဲ့ကစားကွက်က တိုက်စစ်တစ်ယောက် ဂိုးသမားတစ်ယောက် နဲ့ ကွင်းလယ်ကိုးယောက်လားလို့ပင် သံသယဖြစ်ရအောင် ကွင်းလယ်လူတွေ ဘက်ဖိုးနဲ့ကော်ချတောင် မကုန်နိုင်ပါဘူး။ ဒီနေရာမှာ အကွီလာနီကတော့ ပတ္တမြားမှန်ရင် နွံမနှစ်ပါဖူးဆိုတာ လီဗာနဲ့တွေ့မှ မှားပြီဖြစ်ကြောင်း တွေးနေမှာ အမှန်ပါပဲ။ အမှန်တော့ ဒဲလ်ဂလစ်ရှ်အနေဖြင့် မလေးရှား နဲ့ ဟူးလ်စီးတီးကို သုံးဂိုးပေးခဲ့ရသည့် နောက်တန်းကို မေ့ထားပုံရပါတယ်။ ပြင်ဆင်ခွင့်ရတုန်း နှောင့်နေး ခဲ့မယ်ဆိုရင်တော့ ရာသီသစ်မှာ ပလိုင်းပေါက်နဲ့ဖားကောက်တဲ့အဖြစ်မျိူး ၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိပြီး နောက်တန်း အင်အားချို့တဲ့မှုနောင်တကို ရင်ဝယ်မပိုက်ရအောင် အချိန်မှီ ပြင်ဆင်နိုင်ပါစေလို့ ဆိုလိုက်ရပါရစေ။
မန်ယူအသင်း၏ နည်းပြ ဖာဂူဆန်က ပြောသွားတာတော့ ကြီးလေးကြီးဆိုတော မေ့လိုက်ပါတော့တဲ့။ ဒါပေမဲ့ ကျွန်တော်ကတော့ ကြီးလေးကြီး နဲ့ မန်းစီးတီး ကြီးငါးကြီးဖြစ်လာတယ်လို့ပဲသတ်မှတ်ထားပါတယ်။ ဒါကြောင့်လည်း ကြီးငါးကြီးလုံးကို ဝေဖန်သုံးသပ်ခဲ့တာပဲဖြစ်ပါတယ်။ ဝေဖန်သည့်အပိုင်းတွင် လွတ်လပ်မှုဆိုသည့် တံဆိပ်ကို ကပ်ပြီး ရေးသားခဲ့သောကြောင့် လွန်တာရှိရင် ၀ံန္တာမိပါ ။ မှားတာရှိရင် အားနာမိပါတယ်လို့ ဆိုရင်း ဧရိယာမိရပ်ဝန်းသို့ ၀င်ရောက်ဝေဖန်ရေး အစီအစဉ်ကို ဒီမှာပဲ အဆုံးသတ်လိုက်ပါရစေ။
ကံကောင်းခြင်းများစွာပို်င်ဆိုင်ပါစေ။
နတ်ပန်း
This group does not have any discussions yet.
ထင်မြင်ချက်
July 4, 2011 အချိန် 8:26pm တုန်းက mgmgheintun ပေးခဲ့သောထင်မြင်ချက်
July 4, 2011 အချိန် 2:46pm တုန်းက Zaw Moe Shinn ပေးခဲ့သောထင်မြင်ချက် ကျွန်တော်ရောပဲ ရူးတယ်ပဲပြောပြောဘာပဲပြောပြော
မန်ယူနိုင်ရင်ပျော်တယ် မန်ယူရှုံးရင်အိပ်မပျော်ဘူး
July 4, 2011 အချိန် 2:46pm တုန်းက Zaw Moe Shinn ပေးခဲ့သောထင်မြင်ချက် ကျွန်တော်ရောပဲ ရူးတယ်ပဲပြောပြောဘာပဲပြောပြော
မန်ယူနိုင်ရင်ပျော်တယ် မန်ယူရှုံးရင်အိပ်မပျော်ဘူး
July 4, 2011 အချိန် 2:46pm တုန်းက Zaw Moe Shinn ပေးခဲ့သောထင်မြင်ချက် ကျွန်တော်ရောပဲ ရူးတယ်ပဲပြောပြောဘာပဲပြောပြော
မန်ယူနိုင်ရင်ပျော်တယ် မန်ယူရှုံးရင်အိပ်မပျော်ဘူး
July 4, 2011 အချိန် 2:46pm တုန်းက Zaw Moe Shinn ပေးခဲ့သောထင်မြင်ချက် ကျွန်တော်ရောပဲ ရူးတယ်ပဲပြောပြောဘာပဲပြောပြော
မန်ယူနိုင်ရင်ပျော်တယ် မန်ယူရှုံးရင်အိပ်မပျော်ဘူး
July 4, 2011 အချိန် 2:46pm တုန်းက Zaw Moe Shinn ပေးခဲ့သောထင်မြင်ချက်
July 4, 2011 အချိန် 2:46pm တုန်းက Zaw Moe Shinn ပေးခဲ့သောထင်မြင်ချက်
July 4, 2011 အချိန် 2:45pm တုန်းက Zaw Moe Shinn ပေးခဲ့သောထင်မြင်ချက် Myanmar IT Development
မှ သင့်အား ကြိုဆိုပါတယ်
မှတ်ပုံတင်ပြုလုပ်ရန်
ဒါမှမဟုတ်
ဝင်ကြည့်ရန်
© 2012 Created by MMITD.
သင်ဟာ ထင်မြင်ချက်ပေးရန် Manchester United Mania ရဲ့ အသင်းဝင်ဖြစ်ဖို့လိုအပ်ပါတယ်