မြတ်ဗုဒ္ဓကို ကိုးကွယ်ခြင်းနဲ့ပတ်သတ်၍ 

" အရှင်ဘုရား တပည့်တော်ဗုဒ္ဓဘာသာစစ်စစ်ပါ။ စကားလေးတစ်ခွန်းလောက် မေးလျှောက်ချင်လို့ပါဘုရား။ "မင်းတို့ကကွာ နေ့တိုင်းနေ့တိုင်း စဉ်ပေါ်မှာတင်ထားတဲ့ ခြောက်လက်မလောက်ရှိတဲ့ ရုပ်တုလေးကိုနေ့တိုင်းနေ့တိုင်း ရှိခိုးနေတယ် နေ့တို်င်းနေ့တိုင်း ထမင်းတွေဘာတွေလဲကြွေးနေတယ် အကယ်၍မင်းတို့အိမ်မီးလောင်ရင် အဲ့ဒီရုပ်တုက မင်းတို့ကို ကယ်ဖို့နေနေသာသာ သူတောင်မှ မီးအရင်လောင်သေးတယ် ကိုယ့်ဟာနဲ့ကိုပဲ လွတ်အောင်ပြေးကြရတယ် မင်းတို့ကိုဘယ်အရာကကယ်မှာလဲ"တဲ့။ အရှင်ဘုရားအနေနဲ့ ဒီမေးခွန်းလေးကိုဖြေကြားစေချင်ပါတယ်။"

အင်း ဒီမေးခွန်းလေးဟာ ဗုဒ္ဓဘာသာဝင်တိုင်း သံသယဖြစ်နေကြမယ် ထင်ပါတယ်။ ခု ဒကာမေးထားတဲ့ မေးခွန်းက ဆင်းတုတော်ကို အိမ်မှာ ပူဇော်ထားတာ အိမ်မီးလောင်ရင် ဘယ်သူမှ မကယ်တင်နိုင်ဘူးတဲ့။ ဒါမှန်ပါတယ်။ ဦးဇင်းတို့ မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိရင်လည်း ကယ်တင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့ဆိုတော့ မြတ်ဗုဒ္ဓသည် ကယ်တင်ရှင် မဟုတ်လို့ပါ။

ဘာသာတိုင်းရဲ့ အိမ်ကျောင်းများ၌ မိမိတို့ဆိုင်ရာ ကိုးကွယ်မှုတွေ ထားရှိကြပါတယ်။ ဦးဇင်းတို့ မြတ်ဗုဒ္ဓက ကယ်တင်ရှင်မဟုတ်လို့ မကယ်တင်နိုင်သလို ကယ်တင်ရှင်ဘုရားများသည်လည်း ရုတ်တရက် အိမ်ကျောင်းများကို မီးလောင်လျှင် မကယ်တင်နိုင်ပါ။ ဘုရားတွေသာ မဟုတ်ပါဘူး။ မိမိတို့၏ မိခင်ဖခင်ဘိုးဘွားများကိုလည်း မိမိတို့၏အိမ်များ၌ ကိုးကွယ်ရာအဖြစ် ထားကြပါတယ်။ သို့သော် သူတို့သည်လည်း ကယ်တင်ရှင် မဟုတ်သောကြောင့် မကယ်တင်နိုင်ပါ။ မိမိကိုးကွယ်ဆည်းကပ်ခြင်းသည် သူတို့၏ ကယ်တင်မှုကို ရယူလိုသောကြောင့် မဟုတ်ပါ။ သူတို့၏ ဂုဏ်ကျေးဇူးများကို တန်ဖိုးထား မြတ်နိုးသောကြောင့်လည်းကောင်း သူတို့ကို ကျေးဇူးဆပ်ခြင်းတစ်မျိုး အနေနဲ့လည်းကောင်း ကိုးကွယ်ကြခြင်း ဖြစ်ပါတယ်။

ဦးဇင်းတို့ မြတ်ဗုဒ္ဓအား ကိုးကွယ်ဆည်းကပ်ခြင်းသည် မြတ်ဗုဒ္ဓက မိမိတို့ကို ကယ်တင်ပေးရန် မဟုတ်ပါ။ မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိသကဲ့သို့ အမြဲ အောက်မေ့နိုင်အောင်၊ မြတ်ဗုဒ္ဓ၏ ဂုဏ်ကျေးဇူးများကို မမေ့အောင်၊ မြတ်ဗုဒ္ဓ ဟောကြားခဲ့သော တရားတော်များကို သတိရနေပြီး အမြဲကျင့်ကြံနေထိုင်နိုင်အောင်၊ မြတ်ဗုဒ္ဓရဲ့ မိမိတို့အပေါ်မှာ ထားရှိခဲ့တဲ့ ကျေးဇူးတရားတွေကို ပြန်လည်ကျေးဇူးဆပ်သော အားဖြင့် မိမိတို့၏ အိမ်ကျောင်းများ၌ စေတီဆင်းတုတော်များအား ပူဇော်မှုစသည်တို့ကို ပြုလုပ်ပေးနေကြခြင်း ဖြစ်ပေသည်။

မြတ်ဗုဒ္ဓသည် သူတစ်ယောက်တည်းအတွက် နိဗ္ဗာန်ချမ်းသာကို အလွယ်တကူနဲ့ရနိုင်ပါလျက် သတ္တဝါတွေကို ငဲ့ညာသနားပြီး မေတ္တာကရုဏာထားကာ လေးသချေင်္နှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံးနှင့် ဘုရားဖြစ်သော (၄၅)ဝါကာလပတ်လုံး သူများမလုပ်နိုင်သော ဆင်းရဲပင်းပန်းခြင်းများကို ရင်းနှီးကာ လုပ်ပေးခဲ့ပေသည်။ ထိုကဲ့သို့ မိမိတို့အပေါ်မှာ ကျေးဇူးကြီးမားသော ပုဂ္ဂိုလ်ကို မိမိတို့က အလေးမထား ဂရုမစိုက်ဘဲနေမည်ဆိုလျှင် ထိုသူလောက် မိုက်မဲ့သောသူ အဘယ်မှာရှိမည်နည်း။ မျက်မှောက်ကာလတွင်တောင်မှ လတ်တလော ကျေးဇူးတင်စရာကောင်းသော ပုဂ္ဂိုလ်များကို မိမိတို့၏အိမ်၊ ရုံး၊ အင်္ကျီများ၌ အမှတ်တရအဖြစ် ကိုးကွယ်ပူဇော် နေသေးတာပဲ ဘဝပေါင်းများစွာအတွက် ကျေးဇူးများလှသော မြတ်ဗုဒ္ဓကို မိမိတို့က ကိုးကွယ်ပူဇော်မှု မလုပ်ဘဲ မနေသင့်ပါဘူးလေ။
တကယ်တော့ မိမိတို့ စေတီရုပ်တုတော်များကို အိမ်များ၌လည်းကောင်း၊ ကျောင်းကန်များ၌လည်းကောင်း ကိုးကွယ်ပူဇော်လျှင် သက်တော်ထင်ရှားရှိသော မြတ်ဗုဒ္ဓကဲ့သို့ ကိုးကွယ်ပူဇော်မှု ပြုလုပ်ပေးရပါမည်။ ဖြစ်ကလတ်ဆန်း မလုပ်သင့်ပါ။ ထိုသို့ ကိုးကွယ်ရာ၌လည်း မြတ်ဗုဒ္ဓကို ကိုးကွယ်ရုံဖြင့် ကောင်းကျိုးမရနိုင်သော်လည်း မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကျေးဇူးတော်များအား ပူဇော်လျှင်၊ မြတ်ဗုဒ္ဓဟောကြားခဲ့သော တရားတော်များကို လိုက်နာကျင့်သုံးလျှင်ကား တုနိုင်မရသော ကောင်းကျိုးချမ်းသာများ ရရှိပါလိမ့်မည်။

ဤမျှလောက် ရှင်းပြလျှင် လုံလောက်မည် ထင်ပါသည်။ မြတ်ဗုဒ္ဓကိုလည်း ကိုးကွယ်ပုံ ကိုးကွယ်နည်းများလည်း သိရှိမည်ထင်ပါသည်။ မြတ်ဗုဒ္ဓ၏ တရားတော်များအတိုင်းလည်း လိုက်နာကျင့်သုံးလိမ့်မည်ဟု ထင်သောကြောင့် ယခု အမေးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါပေသည်။ အားလုံး လိုက်နာကျင့်သုံးနိုင်ပြီး ကောင်းကျိုးချမ်းသာများ ဆထက်တပိုး တိုးပွားကြပါစေလို့ ဆန္ဒပြုလျက်............။

(ဆန်နီနေမင်း)
ဦးကောမလ၊ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ မကုဋာရာမ ကျောင်းတိုက်


http://www.kzarboworld.com/group/DhhamA/forum/topics/5098850:Topic:... မှ ဦးကောမလ(ဆန်နီနေမင်း)Post ထပ်ဆင့်ကူးယူ ပူဇော်အပ်ပါသည်။




Views: 14

ဒီဆွေးနွေးချက်အတွက် ပြန်လည်ဆွေးနွေးထားမှုများ

nice post brother. thank you...

ကျေးဇူးပါ။ မူလပိုင်ရှင် ဆရာတော် အရှင်ကောမလကို လည်းကျေးဇူးတင်ပေးစေချင်ပါတယ်။

RSS

Myanmar Font

*******************
*******************
*******************
Zawgyi => Unicode
Online Converter

 

လှူဒါန်းနိုင်ပါသည်။

MMITD ကိုလှူဒါန်းနိုင်ပါသည်။
ပြည်တွင်း
********************
ပြည်ပ
Paypal မှတဆင့်လှူဒါန်းနိုင်ပါသည်၊ အောက်ကခလုတ်ကို နှိပ်ပါ။




© 2012   Created by MMITD.

Badge များ  |  ပြဿနာ တစ်ခု တိုင်ကြားရန်  |  Terms of Service