Myanmar IT Development website ၏ ရည်ရွယ်ချက်
Myanmar IT Development website ၏ ရည်ရွယ်ချက်မှာ -
(၁) မြန်မာ့ IT လောက ဖွံဖြိုးတိုးတက်စေရန့် နှင့် မြန်မာနိုင်ငံသားများအနေဖြင့် IT နည်းပညာများနှင့်ပတ်သက်သော အသိပညာ ဗဟုသုတများ ရရှိစေရန်
(၂) နည်းပညာ အခက်အခဲများကို ပူပေါင်း ဖြေရှင်းနိုင်ရန် နှင့် မသိနားမလည်သူများကို တတ်နိုင်သလောက် ပူးပေါင်း၍ အကူအညီပေးနိုင်ရန်
(၃) မြန်မာ လူမျိုး အချင်းချင်း သွေး စည်းပြီ IT နည်းပညာ အတွက် အတူ တကွ ပူပေါင်း ဆောင်ရွက်နိုင်ရန်
(၄) ကိုယ်သိထားသော IT နည်းပညာ ဗဟုသုုတ များကို အသင်းဝင် အချင်းချင်း အလွယ် တကူ ဆွေးနွေး ဖလှယ်နိုင်စေရန် တို့ဖြစ်ပါသည်။
ထို့ကြောင့် အသင်းဝင်များအနေဖြင့် အောက်ဖေါ်ပြပါစည်းကမ်းချက်များကို လိုက်နာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်....
(၁)Myanmar IT Development သည် နည်းပညာဆိုင်ရာ Website ဖြစ်သည့်အတွက် နည်းပညာနှင့်ပက်သက်သော Post များကိုသာ ဦးစားပေး၍ ရေးစေလိုပါသည်...။
(၂)သို့သော် ဤ Website တွင် ရသစုံလင်စေရန်အတွက် IT နှင့်မပက်သက်သော အခြားအကြောင်းအရာများဆွေးနွေးခြင်းကိုလည်း အတော်အသင့်ခွင့်ပြုထားပါသည်...။
(၃)
အသင်းသားများအနေဖြင့် -
(၃/က)
မိမိ Profile များတွင် ညစ်ညမ်းပုံများ၊ ညစ်ညမ်းဗွီဒီယိုများ တင်ခြင်း၊ နိုင်ငံရေးနှင့်ဆိုင်သော ပုံများ ၊ သီချင်းများတင်ခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ရ။
( ၃/ခ)
Personal comment များကိုပေးရာတွင် အသင်းဝင်အချင်းချင်း အခင်အမင်ပျက်စေမည့်
ယုတ်ရင်းကြမ်းတမ်းသော စာသားများရေးသားခြင်း၊ ဆဲဆိုခြင်းများ လုံးဝ မပြုလုပ်ရ။
( ၃/ဂ)
Myanmar IT Development တွင် နိုင်ငံရေးနှင့်ဆိုင်သော ၊ ဘာသာရေးနှင့်ဆိုင်သော ပုတ်ခတ်စော်ကားမှုများ၊ လူတစ်ဦးတစ်ယောက် သို့မဟုတ် အသင်းအဖွဲ့တစ်ခု၏ ပုဂ္ဂိုလ်ရေးရာ/ အဖွဲ့အစည်းရေးရာ နှင့်ဆိုင်သော အသရေဖျက်သည့် ဆွေးနွေးချက်များ လုံးဝ(လုံးဝ) ဆွေးနွေးခွင့်မရှိ ။
(၃/ဃ)
Myanmar IT Development ၏ စာမျက်နှာများတွင် အသင်းဝင်အချင်းချင်း
အခက်အခဲများကို လျင်မြန်စွာကူညီဖြေရှင်းပေးနိုင်ရန် နှင့် ရင်နှီးမှုရရှိစေရန် ရည်ရွယ်၍ Chat box
ထည့်ထားပေးသော်လည်း ထို Chat box တွင် ညစ်ညမ်းစကားများပြောဆိုခြင်း၊ မိန်းကလေးများအား
နှမချင်း မစာမနာ ပြောဆိုခြင်း၊ နိုင်ငံရေးနှင့်ပတ်သက်သော အကြောင်းအရာများပြောဆိုခြင်း နှင့်
ဘာသာရေးဆိုင်ရာ တိုက်ခိုက်ခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ရ ။
( အကယ်၍ အက်ဒမင်များ online မရှိပါလျှင် Myanmar IT Development ကိုချစ်သော၊ အကျိုးကိုလိုလားသော အသင်းဝင်များအနေဖြင့် အထက်ပါအချက်များအား ကျူးလွန်နေသော အသင်းဝင်တစ်ယောက်ယောက်ကိုတွေ့ရှိပါက
Myanmar IT Development သို့အကြံပြုရန် နှင့် တိုင်ကြားချက်များပေးပို...
ခေါင်းစဉ်အောက်တွင် ၎င်း အသင်းဝင်ရေးသားထားသောစာသားများ၊ သက်သေခံ link များ ၊ Screen shots (print screen) နှင့် ၎င်းအသင်းဝင်၏ profile link တို့ကိုဖော်ပြ၍ တိုင်ကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
(၃/င)
ဖိုရမ်တွင် ရေးသားချက်များ၊ Blog ရေးသားချက်များတွင် ကိုယ်တိုင်ရေးမဟုတ်ဘဲ တစ်ဆင့်ကူးယူဖော်ပြခြင်း ပြုလုပ်မည်ဆိုပါက ကူယူခဲ့သည့် မူရင်းနေရာ URL သို့မဟုတ် မဂ္ဂဇင်း ၊ ဆောင်းပါး စသည် နှင့် မိမိကူယူခဲ့သော ပိုစ့် သို့မဟုတ် စာသားများအား မူပိုင်ရေးသားသူ၏ နာမည်တို့အား ဖော်ပြရမည်ဖြစ်ပါသည်... ထိုသို့ဖော်ပြခြင်းမရှိသော ပို့စ်များအား ဤဆိုက်မှ စစ်ဆေးတွေ့ရှိလျင် ပို့စ်အား အချိန်မရွေးဖျက်သိမ်းမည်ဖြစ်ပြီး .. မူပိုင်ခွင့်အရ ပို့စ်မူရင်းရေးသားသူပိုင်ရှင်မှ အရေးယူလာလျှင် တာဝန်ယူမည်မဟုတ်ပါ။
(၄)
အထက်ပါ အပိုဒ်(၃) ခေါင်းစဉ်ခွဲ (က၊ ခ၊ ဂ၊ ဃ နှင့် င) တို့အား လိုက်နာခြင်းမရှိသော အသင်းဝင်များအား မြန်မာအိုင်တီထိမ်းသိမ်းစောင့်ရှောက်သူများအဖွဲ့မှ ရှာဖွေတွေ့ရှိလျှင်သော်လည်းကောင်း ၊ အသင်းဝင်များမှတွေ့ရှိသဖြင့် တိုင်ကြားလာလျှင်သော်လည်းကောင်း ထို ဘလော့ရေးသားချက်များ၊ ဆွေးနွေးချက်များ၊ ကွန်းမန့်များ ၊ ဓါတ်ပုံများ ၊ ဗွီဒီယိုများ၊ သီချင်းများ စသည်များအား အကြောင်းပြချက်မရှိပဲ ပယ်ဖျက်မည်ဖြစ်ပြီး ပြုလုပ်သောအသင်းဝင်အား ပထမဆုံးအကြိမ် နှင့် နောက်ဆုံးအကြိမ် သတိပေးမည်ဖြစ်သည်
။ နောက်တစ်ကြိမ် ထပ်မံပြုလုပ် ရေးသားလာပါက ထိုပြုလုပ်ရေးသားသူအသင်းဝင်အား အကြောင်းပြချက်မပေးပဲ
အသင်းဝင်အဖြစ်မှ အပြီးအပိုင်ရပ်စဲမည်ဖြစ်ပါသည်။
Myanmar IT Development ၏ အားနည်းချက်များ ၊ အဆင်မပြေမှုများ ကိုတွေ့ရှိပါက
Myanmar IT Development သို့အကြံပြုရန် နှင့် တိုင်ကြားချက်များပေးပို့ရန်
ခေါင်းစဉ်အောက်တွင် အကြံပြုချက်များနှင့် တိုင်ကြားချက်များရေးသားနိုင်ပါသည်။
(၅)
မြန်မာနိုင်ငံ၏ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ အရ မလွတ်ကင်းသည်များကိုလည်း ရှောင်ရှားနိုင်စေရန် မြန်မာနိုင်ငံ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ကို အောက်တွင် ဒေါင်းလုဒ်ယူပြီး လေ့လာနိုင်ပါသည်။
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
ADMINS ( လေးစားစွာဖြင့်)
---------------------------------------------------------------------------------------------------
အသင်းဝင်ဖြစ်ရန် ပြုလုပ်ပါ။ သင်ဟာ အသင်းဝင်ဖြစ်ပြီးပါက
မှတ်ပုံတင်နာမည်ဖြင့် ဝင်ရောက်ရန်