Anti Malwarebytes ကို ကျနော်တို့ ရီဂျစ်စတာ လုပ်ဖို့ကတော့ ဆရာချစ်ပဲ ကူညီနိုင်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။
ကျနော်တို့ အန်တီအများစု မနိုင်သော ဗိုင်းရပ် Microsoft Security Essentials ကို သူရောက်တာနဲ့ ဗိုင်းရပ်က ကန်ချလိုက်ပါတယ်။ ဒီအန်တီ မနိုင်ပါ။ Avira ထီးကလေးနဲ့ အသတ်ကြမ်းတယ်ဆိုတဲ့ ကျနော်တို့ အန်တီလည်း လက်မြောက်ရပါတယ်။ ကျနော် ခံလိုက်ရပြီး စမ်းသပ်ပြီးမှ ရေးထားတာတွေပါ။ အဖြေကတော့ ဒီလိုပါ (တစ်ညလုံးနီးပါး ရှာထားတဲ့ အဖြေပါ). hahaha photo or is this your photo? ဆိုပြီး ဖိုင်တစ်ဖိုင် ဂျီတော့မှ (သို့) မက်ဆင်ဂျာမှ လက်ခံ ရရှိပါလိမ့်မယ်။ အဲဒီဖိုင်ဟာ လက်ခံမလား၊ လက်မခံဘူးလားဆိုတာကို လုံးဝ မမေးဘဲ ခင်များရဲ့ Desktop ပေါ်တွင် အော်တို ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်ထိ ပြသနာ မရှိသေးပါဘူး။ အဲဒီ Folder ထဲမှာ ရှိတဲ့ JPEG လိုလို ဘာလိုလို ရေးထားတာ တွေ့ရပါလိမ့်မယ်။ တကယ်တော့ အဲဒါဟာ ဘာပုံမှ မဟုတ်ပါဘူး။ ပရိုဂမ်တစ်ခုပါ။ အဲဒီပရိုဂရမ်ကို ရမ်းလိုက်ရင်တော့ ဖလန်းဖလန်း ထပါတော့မယ်။ အဲဒါ ဗိုင်းရပ်ပါ။
ခင်များ မဖွင့်ပါဘဲနဲ့ မက်ဆင်ဂျာ ဆော့ဝဲ မိမိစက်မှာ ရှိခဲ့ရင် အော်တို သူ့ဘာသာ ဖွင့်ပါလိမ့်မယ်။ အကယ်၍ ဂျီတော့ကို ဖွင့်ထားမယ်ဆိုရင် ခင်များဂျီတော့မှာ ရှိတဲ့ သူငယ်ချင်းတွေကို ခင်များမပို့ပါပဲနှင့် သူ့ဘာသာ hahaha photo Jpeg...is this you? ဆိုပြီး သူ့ဘာသာ ပို့ပါလိမ့်မယ်။ ခင်များကို ယုံကြည်တဲ့လူအားလုံး (ရလာတဲ့ဟာက ဘာလဲလို့ မစဉ်းစားဘဲ ဖွင့်တတ်သူ)ဟာ ဖွင့်လိုက်ရင် ဂျီတော့ဟာ...ဖလန်းဖလန်းနဲ့ အစည်းအဝေးနောက်ကျလို့ ကဗျာကရာ ဟိုးပြေးဒီပြေး လုပ်နေပါလိမ့်မယ်။ အဲဒီဗိုင်းရပ်ကို သတ်လိုပါက.. ၁..ဒီလင့်မှ Malwarebytes ကို ဒေါင်းပါ။ Desktop မှာ ဆေ့ပါ။ ၂..ပြီးလျှင် R- Click မှ အင်စတော လုပ်ပါ။ ၃..ပြီးလျှင် ပါဝါကို နှိပ်ပြီးသာ ပိတ်လိုက်ပါ။ ၄..Save Mode နှင့် F8 ကိုနှိပ်ပြီး ပြန်တက်ပါ။ ၅..Systerm Restore ကို Off လိုက်ပါ။ Control Panel > System > System Protection > Configure > Turn Off System Protection ၆..ပြီးလျှင် ကျနော်တို့ Run ထားတဲ့ Anti Malware နှင့် Scan ဖတ်လိုက်ပါ။ ၇..ကွန်ပြူတာကို ရီစတတ်ချပါ။ ပြန်တက်လာလျှင်...အန်တီကို ပြန်ပြီး စကင်ဖတ်ပေးပါ။ တွေ့သမျှကို အကုန် သတ်လိုက်ပါ။ ပြီးသွားပါပြီ။ ခင်ဗျားစက်မှာ ဟဟဟ ဗိုင်းရပ် မတွေ့နိုင်တော့ပါ။ နောက်များ သူများ ပို့လာခဲ့လျှင်..လက်ခံ ရရှိခဲ့လျှင် စဉ်းစားပြီးမှ ဖွင့်ပါ။ အဆင်ပြေပါစေ။
အကယ်၍ ဒို့ကတော့ ဒါမျိုးကို စောင့်နေတာကွ။ ဘယ်မလဲ မင်းဗိုင်းရပ်လို့ ပြောချင်တဲ့ သူငယ်ချင်းများ ဒီလင့်ကို နှိပ်လိုက်ပါ။
hahaha foto http://www.figueiradis.com/album.php?Facebook.com-IMG035790.JPG
You can't kill that virus with Avria and Microsoft Security Essential
February 21, 2012 အချိန် 8:16pm တုန်းက mgpan_mway ပေးခဲ့သောထင်မြင်ချက်
February 22, 2012 အချိန် 5:16pm တုန်းက AG Kyaw Thant ပေးခဲ့သောထင်မြင်ချက် ဗိုင်းရပ်ဆိုတာဘာလဲကွ..........
ဟား........ဟာ:........ဟား.........
ငါက kaspersky ကွ။
February 22, 2012 အချိန် 5:36pm တုန်းက AG Kyaw Thant ပေးခဲ့သောထင်မြင်ချက် ညီလေးရေ အကို စက်က Kaspersky 2010 တင်ထားတော့ ညီလေးပေးတဲ့ Virus Link ကို ဖွင့်လို့မရဘူး။
KAVက အဲ့ဒီ့ ဆိုဒ် ကို ဘလော့လုပ်ထားတယ်။
အကို အကြံပေးချင်တာက ရောဂါ ဖြစ်မှ ကုတာထက် မဖြစ်ခင်ကြိုတင်ကာကွယ်ကြစေချင်တယ်။
Computer သုံးရင် Antivirus ကောင်းကောင်းသုံးကြစေချင်တယ်။
ကျေးဇူးပါ။
ကိုတိန်းဂျော်ရီး ဇတ်ကနေသည်။။။ တို့ရဲ့အချစ်တော် ကက်စပါစိဒယ်...သားသားမကြောက်ပါ ကိုတိန်းဂျော်ယာ...
March 1, 2012 အချိန် 10:17pm တုန်းက kothu ပေးခဲ့သောထင်မြင်ချက်
March 1, 2012 အချိန် 10:29pm တုန်းက kothu ပေးခဲ့သောထင်မြင်ချက်
March 2, 2012 အချိန် 6:58am တုန်းက Min Ma Haw ပေးခဲ့သောထင်မြင်ချက် ဒါမျိုး ဖြစ်ဖြစ်လာပြီးဘာစာမှရေးလို့မရပို့လို့မရဖြစ်နေလို့ပါအစ်ကိုကူညီပါအုန်း လို့ အစ်ကို ရေးထားတာကို ကြည့်မလိုဗျာ။
ဒါပေမဲ့ အစ်ကို့ရဲ့ပုံက လုံးဝကို ကြည့်လို့မရဘူးဖြစ်နေတယ်ဗျာ။ စာရေးပြီး ပြောကြည့်ပါလား။ ဒါမှမဟုတ်လည်း ပုံကို ကောင်းကောင်းလေး ထပ်တင်ပေးပါလားဗျာ။
ကျနော့်ကော်နက်ရှင်က မကောင်းလို့ အစ်ကို့ပုံကို ကြည့်လို့ မရတာလဲ ဖြစ်နိုင်ပါတယ်။
ကျနော့်ဆီမှာတော့ အဲဒီဟာကို အင်စတော လုပ်ကြည့်တော့ ဘာပြသနာမှ မတက်ပါဘူး။ ဒါပေမဲ့ တစ်ခုဆိုးတာက ဗိုင်းရပ်လို့ သူထင်တဲ့ဖိုင်တော်တော်များများကိုတော့ ဖျက်သွားတယ်ဗျာ။ ကျနော်သိမ်းထားတဲ့ Microsoft 2007 Portable ကိုလည်း ဗိုင်းရပ်ဆိုပြီး ကိုင်ပါတယ်။ ဗိုင်းရပ်ရှင်းသွားပြီဆိုတော့ ထပ်ဒေါင်းလိုက်တော့ အဆင်တော့ ပြေသွားပါတယ်။
March 16, 2012 အချိန် 9:53am တုန်းက wai htutpai ပေးခဲ့သောထင်မြင်ချက် anitivirus ကောင်းရင် မ၀င်ႏနိုင်ပါဘူး။
March 16, 2012 အချိန် 12:11pm တုန်းက MgThihaLin ပေးခဲ့သောထင်မြင်ချက် အဲဒီVirusမျိုးကျွန်တော့်ဆီကိုလည်းအပို့ခံရပါတယ်............မြန်မာနိုင်ငံကလုပ်တာဆိုတာသိရပါတယ်........
.သူကသူ့ကွန်ပျူတာကနေနာရီဝက်တစ်ခါပို့တယ်လို့ပြောပါတယ်....
AntiVirus Software တွေကိုလည်းစိန်ခေါ်မယ်လို့ပြောပါတယ်.........သူကကွန်ပျူတာဟက်ကာတစ်ဦးပါ........
သူ့နာမည်ကကောင်းမြတ်လို့တော့ပြောပါတယ်........
သူ့အကောင့်တော့သိပေမဲ့လည်း................လူမှုရေးအရမပြောတာခွင့်လွှတ်ပေးပါရန်အနှုးအညွတ်တောင်းပန်အပ်ပါသည်........
သူကHaHaတို့Sexyတို့နဲ့စပြီးအလယ်မှာFackbook Linkလေးခံ ပြီးတော့နောက်မှာ IMGနံပါတ်နဲ့ဆုံးပြီးပို့တတ်ပါတယ်...............
ထင်မြင်ချက်
Myanmar IT Development
မှ သင့်အား ကြိုဆိုပါတယ်
မှတ်ပုံတင်ပြုလုပ်ရန်
ဒါမှမဟုတ်
ဝင်ကြည့်ရန်
© 2012 Created by MMITD.
သင်ဟာ ထင်မြင်ချက်ပေးရန် Myanmar IT Development ရဲ့ အသင်းဝင်ဖြစ်ဖို့လိုအပ်ပါတယ်
Myanmar IT Development ကိုဝင်ရောက်မည်